ရခိုင်ရှိ ပညာရေးဝန်ထမ်းတွေ ရုံးမတက်ရင် အရေး ယူမယ်လို့ ပြည်နယ်ပညာရေးမှူးခြိမ်းခြောက်

By Border News Agency / 2023 November   28

(ဓာတ်ပုံ-မိုခါအလွန်တွေ့ရတဲ့ရခိုင်ကစာသင်ကျောင်းတစ်ကျောင်း/BNA)

ရခိုင်ရှိပညာရေးဝန်ထမ်းအားလုံး ရုံးမတက်ရင် နိုင် ငံဝန်ထမ်းဥပဒေ၊နည်းဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့အညီ အရေးယူမယ်လို့ နိုဝင်ဘာလ ၂၈ ရက်၊ဒီနေ့ စ စ်ကောင်စီရဲ့ပြည်နယ်ပညာရေးမှူးက ခြိမ်းခြောက်စာထုတ်ပြန်ပါတယ်။

အဲဒီလိုခြိမ်းခြောက်ထုတ်ပြန်တာဟာ ပြည်နယ်ပ ညာရေးမှူးရုံးရဲ့ပြီးခဲ့တဲ့နိုဝင် ဘာလ ၂၄ ရက်နေ့ထုတ်ပြန်ချက်ကို ခရိုင်၊မြို့နယ်ပညာရေးမှူးရုံးတွေက အခြေခံပညာကျောင်းအုပ်အားလုံးကိုထပ်ဆင့် စာထုတ်တာဖြစ်ပါတယ်။

အဲဒီစာမှာအခြေခံပညာကျောင်း/ရုံးတွေကသင် ကြား/စီမံဝန်ထမ်းတွေဟာ အကြောင်းပြချက်မရှိဘဲ ခွင့်မဲ့ပျက်ကွက်နေပြီးပျက်ကွက်ရက် ၂၁ ရက်ကျော်လွန်ပါရင် အလုပ်ပြန်လည်ဝင်ရောက်ဖို့သက်ဆိုင်ရာကျောင်း/ရုံးတွေရှိ တာဝန်ရှိသူတွေက စာနဲ့သုံးကြိမ်တရားဝင်ခေါ်ရမယ်လို့ ဖော်ပြထားပါတယ်။

အဲဒီလိုခေါ်လို့မလာရင် နိုင်ငံဝန်ထမ်းဥပဒေ၊နည်းဥ ပဒေလုပ်ထုံးလုပ်နည်းတွေနဲ့အညီ ပျက်ကွက်တဲ့ရက်ကစပြီး တာဝန်ကယာယီရပ်ဆိုင်းကာဌာနဆိုင်ရာစစ် ဆေးရမယ်လို့ ဆိုထားပါတယ်။

ဒါပေမယ့်ဒီလိုစာထုတ်တာဟာ ပညာရေးဌာနကတာ ဝန်ယူမှု၊တာဝန်ခံမှုကင်းမဲ့တာဖြစ်ပြီး ပညာရေးဌာနက ဝန်ထမ်းတွေကိုတာဝန်ယူရင် လမ်းတွေပြန်ဖွင့်ပေးသင့်သလိုလုံခြုံရေးအာမခံချက်ပေးရမယ်လို့ ပညာရေးဝန်ထမ်းအသိုင်းအဝိုင်းက ဆိုကြပါတယ်။

”ရခိုင်မှာသေနတ်သံစထွက်တော့ လမ်းတွေအားလုံးပိတ်လိုက်ပါတယ်။ဆရာ၊ဆရာမတွေအများစုက နေ ရာပေါင်းစုံမှာပိတ်မိနေကြပါတယ်။ခုထိပညာရေး

ဌာနကဘာမှတာဝန်ယူတာမရှိဘူး။ဒါကဝန်ထမ်းအားလုံးအလုပ်ထွက်အောင်လုပ်နေတာပါ။”လို့ ပေါက်တောမြို့နယ်မှပညာရေးဝန်ထမ်းတစ်ဦးက

Border News Agency သို့ ပြောပါတယ်။

ရခိုင်မှာ ရက္ခိုင့်တပ်တော်(AA)က ပြီးခဲ့တဲနိုဝင်ဘာ လ ၁၃ ရက်နေ့စတင်ပြီး စစ်ကောင်စီစခန်းတွေကို တိုက်ခိုက်သိမ်းယူနေကာ အဲဒီနေ့ကစတင်ပြီးရခိုင်တပြည်လုံးရှိ ကုန်းလမ်း၊ရေလမ်းအားလုံးကို စစ်ကောင်စီဘက်ကပိတ်ဆို့ထားတယ်လို့ ရခိုင်ပြည်သူတွေက အတည် ပြုပြောကြပါတယ်။

အဲဒီလိုပိတ်ဆို့တားမြစ်ထားတာမို့ သင်တန်းသွားတ က်တဲ့ပညာရေးဝန်ထမ်းတွေစစ်တွေ၊ကျောက်ဖြူစတဲ့မြို့တွေမှာပိတ်မိနေကြသလို ပေါက်တောမြို့န ယ်က ပညာရေးဝန်ထမ်းတချို့လည်းစစ်ကောင်စီရဲ့သတ်ဖြတ်ဖမ်းဆီးတာတွေခံခဲ့ကြရတယ်လို့ ပညာ ရေးအသိုင်းအဝိုင်းက အတည်ပြုပြောကြပါတယ်။

စစ်ကောင်စီတပ်က ကြေးရေလေပူးပေါင်းပစ်ခတ်မှုတွေအပြင် ဒရုန်းနဲ့ဗုံးကြဲလိုသေဆုံးဒဏ်ရာရထွက် ပြေးနေကြရသူတွေထဲမှာပညာရေးဝန်ထမ်းတွေလ ည်းပါဝင်တာမို့ ကျောင်းတက်၊ရုံးတက်ဖို့မဖြစ်နိုင်သ လို အရေးယူရင်လည်းအလုပ်ထွက်တော့မယ်လို့ ပ ညာရေးအသိုင်းအဝိုင်းက ဆိုကြပါတယ်။

”ဒီလောက်အသက်လုထွက်ပြေးနေကြတာမှာကျော င်းတက်ခိုင်းတာကမတရားပါဘူး။ဆရာ၊ဆရာမတွေကို ဘာမှတာဝန်ယူပေးတာလည်းမဟုတ်ပါဘူး။

အသက်ထက်အရေးကြီးတာမရှိပါဘူး။အရေးယူချင်ယူ၊မယူချင်နေပါ ကျောင်းတော့မတက်တော့ပါဘူး။အလုပ်ထွက်ရင်လည်း ထွက်ရပါစေ။”လို့ မင်းပြားမြို့နယ်မှပညာရေးဝန်ထမ်းတစ်ဦးက Border News Agency သို့ပြောပါတယ်။

ရခိုင်မှာ စစ်ကောင်စီက ရခိုင်တပြည်လုံးရှိကုန်းလ မ်း၊ရေလမ်းတွေသာမကမြို့အဝင်အထွက်လမ်းတွေ၊ကျေးရွာချင်းဆက်လမ်းတွေထိပိတ်ဆို့ထားသလို စာသင်ကျောင်းတွေမှာလည်း စခန်းချတပ်စွဲနေထိုင်နေကြတာမို့ ဆရာ၊ဆရာမတွေ၊ကျောင်းသူ၊ကျောင်းသားတွေ ကျောင်းတက်ဖို့မဖြစ်နိုင်ဘူးလို့လည်း ဆိုကြပါတယ်။

ဒါပေမယ့်မြို့ပေါ်ကကျောင်းတချို့မှာဆရာ၊ဆရာမတွေကို အတင်းအဓမ္မခြိမ်းခြောက်ကျောင်းတက်ခို င်းနေတာမို့ ကျောင်းတက်နေကြရပေမယ့် စာသင်မယ့်ကျောင်းသူ၊ကျောင်းသားတစ်ယောက်မှမရောက်ကြတာဟာ ရခိုင်တပြည်လုံးကအခြေခံပညာကျော င်းတွေပိတ်လိုက်ရတာနဲ့အတူတူပဲလို့ ပညာရေးအ သိုင်းအဝိုင်းက ဆိုကြပါတယ်။

https://www.facebook.com/bordernewsagency/posts/368785055669665

Leave a Reply

Your email address will not be published.