ရခိုင်မှာ စစ်ကောင်စီတပ်က စစ်ရေးအတွက် လေယာဥ်ဆီ အလုံအလောက်ဖြည့်တင်းထား

By Border News Agency / 2023 November   4

(ဓာတ်ပုံ-ရခိုင်မှာ စစ်ကောင်စီတပ်အသုံးပြုနေတဲ့စစ်ရဟတ်ယာဥ်တစ်စီကိုတွေ့ရပုံ/BNA)

ရခိုင်မှာ စစ်ကောင်စီက စစ်ပွဲတွေပြန်ဖြစ်လာရင် လေကြောင်းအသုံးပြုတိုက်ခိုက်နိုင်ရေးအတွက် လေယာဥ်ဆီတွေ အလုံအလောက်ဖြည့်တင်းထားတယ်လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အတည်ပြုပြောကြပါတယ်။

အဲဒီလေယာဥ်ဆီတွေကို ရခိုင်ရှိ စစ်ကောင်စီတပ်ရ င်း၊တပ်မ၊ဗျူဟာတွေရှိ သိုလှောင်ရုံတွေဆီ ကုန်း၊ရေ၊လေသုံးမျိုးစလုံးနဲ့ဖြည့်တင်းထားသလို စစ်ရ ဟတ်ယာဥ်တွေအားလုံးကိုလည်း ဆီအပြည့်ဖြည့်ပြီးအဆင်သင့်ပြင်ဆင်ထားတယ်လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုကြပါတယ်။

”ရခိုင်မှာ တိုက်ပွဲပြန်ဖြစ်လာရင် လေကြောင်းပစ်ကူးပေးဖို့၊စစ်သည်လက်နက်ရိက္ခာအတွက်ဖြည့်ထားတာ၊ခုကလိုတာထက်ပိုနေပြီ။အဓိကတော့ စစ်တွေ

ဒကစမှာအများဆုံးဖြည့်ထားတယ်။”လို့ စစ်တွေမြို့ နယ်ရှိ စစ်ကောင်စီတပ်ရင်းတစ်ခုမှအရာရှိတစ်ဦးက Border News Agency သို့ ပြောပါတယ်။

အဲဒီစစ်ဖက်သုံးလေယာဥ်ဆီပေပါတွေထဲက ပေပါတစ်ထောင်ကျော်ခန့်ကို စစ်တွေမြို့နယ်ရှိ စစ်ကောင် စီတပ်ရင်းမှာ သိုလှောင်ထားပြီး ရခိုင်မှာ စစ်ရဟတ်ယာဥ်တွေရှိတဲ့ စစ်ဗျူဟာ၊တပ်မတွေဆီအလုံအ လောက်ပို့ဆောင်ထားပြီလို့လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုကြပါတယ်။

အဲဒီစစ်ရဟတ်ယာဥ်တွေအတွက် လေယာဥ်ဆီတွေကို စစ်တွေမြို့သို့သယ်ယူလာပြီးစစ်တွေမြို့ကတဆင့်တခြားမြို့တွေရှိ စစ်ရဟတ်ယာဥ်တွေထားရှိတဲ့စစ် ဗျူဟာ၊တပ်မတွေဆီ ပို့ဆောင်ဖြည့်တင်းထားတာလို့ ရခိုင်ပြည်သူတွေက ဆိုကြပါတယ်။

”ပြည်မဖက်ကနေသယ်ယူလာတဲ့ လေယာဥ်ဆီတွေကို စစ်တွေမြို့မစျေးကြီးဖောင်တော်ကနေတဆင့် ကားတွေနဲ့သယ်ယူကြတာ။အဲဒီဆီတွေကိုစစ်တွေမြို့နယ်က တပ်ရင်းကြီးတစ်ခုမှာ သို လှောင်ထားတယ်။”လို့ စစ်တွေမြို့ခံတစ်ဦးက Border News Agency သို့ ပြောပါတယ်။

ရခိုင်မှာရက္ခိုင့်တပ်တော်(AA)နဲ့စစ်ကောင်စီတပ်တို့ကြား တကျော့ပြန်တိုက်ပွဲကို ၂၀၂၂ ခုနှစ်၊နိုဝင်ဘာ လ၂၆ ရက်နေ့က နှစ်ဖက်သဘောတူအပစ်ရပ်ထားကြပါတယ်။

အဲဒီလိုလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူ အညီပေးရေးအတွက် နှစ်ဖက်နားလည်မှုနဲ့အပစ်ရပ်ထားပေမယ့် စစ်ကောင်စီတပ်က စစ်ရေးလေ့ကျင့်တာတွေ၊စစ်သည်၊လက်နက်ဖြည့်တင်းတာတွေပြု လုပ်နေတယ်လို့ ရခိုင်ပြည်သူတွေက ဆိုကြပါတယ်။

ရက္ခိုင့်တပ်တော်(AA)ပါဝင်တဲ့ညီနောင်မဟာမိတ်တွေရဲ့ ”၁၀၂၇ စစ်ဆင်ရေး” ကိုပြီးခဲ့တဲ့လ ၂၇ ရက်နေ့ကစတင်ပြီး နောက်စစ်ကောင်စီကပြန်လည်လ က်တုံ့ပြန်မယ်လို့ပြောဆိုထားပြီး ရခိုင်မှာခုလိုအင် အားထပ်ဖြည့်စစ်ရေးလှုပ်ရှားမှုတွေ အမြင့်ဆုံးပြု လုပ်နေတာဖြစ်ပါတယ်။

ရခိုင်မှာ တိုက်ပွဲတွေမဖြစ်ပွားသေးပေမယ့် စစ်ကော င်စီတပ်က စစ်ရေးလှုပ်ရှားပြင်ဆင်မှုတွေ အရင်ထ က် ပိုမိုများပြားလာနေတာကို တွေ့နေရတယ်လို့ညီ နောင်မဟာမိတ်တွေက ဒီနေ့ထုတ်ပြန်ထားပါတယ်။

ရခိုင်တကျော့ပြန်တိုက်ပွဲတွေအပါအဝင် လက်ရှိဖြစ် ပွားနေတဲ့မြန်မာပြည်အနှံ့ကတိုက်ပွဲတွေမှာ စစ်ကော င်စီတပ်က ကြေးတပ်အင်အားမလုံလောက်တာမို့လေကြောင်းပစ်ကူနဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုသာ အဓိကအားကိုးပြု လုပ်နေတယ်လို့ စစ်ရေးလေ့ လာသူတွေက ဆိုကြပါတယ်။

https://www.facebook.com/bordernewsagency/posts/356173933597444

Leave a Reply

Your email address will not be published.