ရခိုင်မှာ စစ်ကောင်စီတပ်က စစ်ရေးပြင်ဆင်လှုပ်ရှားမှုအမြင့်ဆုံးပြုလုပ်နေ

By Border News Agency / 2023 November   4

(ဓာတ်ပုံ-ရခိုင်မှာ စစ်ကောင်စီတပ်အသုံးပြုနေတဲ့ရေတပ်စစ်သင်္ဘောတစ်စီကိုတွေ့ရပုံ/BNA)

ရခိုင်မှာ စစ်ကောင်စီတပ်က စစ်ရေးပြင်ဆင်လှုပ် ရှားမှုတွေ အမြင့်ဆုံးပြုလုပ်နေတယ်လို့ စစ်တပ်အသိုင်းအဝိုင်းနဲ့ရခိုင်ပြည်သူတွေက အတည်ပြုပြောကြပါတယ်။

အဲဒီလိုစစ်အင်အားဖြည့်တင်းတာတွေအပြင် လက် နက်ရိက္ခာဖြည့်တင်းတာတွေကိုပါ နိုဝင်ဘာလ ၄ ရ က်၊ဒီနေ့ထိပြုလုပ်နေတယ်လို့ စစ်တပ်အသိုင်းအဝို င်းနဲ့ရခိုင်ပြည်သူတွေက ဆိုကြပါတယ်။

”ခုက တိုက်ပွဲကာလလိုမျိုးအမြင့်ဆုံးပြင်ဆင်ခိုင်းထားတယ်။တိုက်ပွဲဝင်ဖို့အသင့်အနေအထားနေကြရတယ်။ဘယ်နေ့စဖြစ်မလဲမသိပေမယ့် စစ်သည်၊လ က်နက်၊ရိက္ခာကတော့ ဒီနေ့လည်းထပ်ဖြည့်နေတာပဲ။”လို့ မောင်တောမြို့နယ်မြောက်ပိုင်း၊ကြိမ်ချောင်းတပ်မမှစစ်ကောင်စီအရာရှိတစ်ဦးက Border News Agency သို့ ပြောပါတယ်။

အဲဒီအပြင်စစ်တွေမြို့ပေါ်ကနေရာအ များအပြားမှာ စစ်သည်အင်အားထပ်တိုးတာတွေ၊နေရာထပ်တိုးချထားတာတွေ၊စစ်ကားကြီးတွေနဲ့ရိက္ခာဖြည့်တင်း

တာတွေပြုလုပ်နေတယ်လို့ ရခိုင်ပြည်သူတွေက ဆိုကြပါတယ်။

နောက်ပြီးမောင်တောမြို့နယ်မြောက်ပိုင်းရှိ ကြိမ်ချောင်းတပ်မသို့ ပြီးခဲ့တဲ့အောက်တိုဘာလ ၃၀ ရက်နေ့က စစ်ကောင်စီတပ်အင်အားရာချီဖြည့်တင်းတာတွေပြုလုပ်ထားတယ်လို့ ရခိုင်ပြည်သူတွေက ဆိုကြပါတယ်။

”စစ်တပ်က စစ်သားတွေ စစ်ကားကြီးတွေနဲ့သွားလာနေကြပါတယ်။စစ်ကားကြီးတွေအများကြီးမှာ ပစ္စ ည်းတွေအပြည့်တင်ပြီးသွားနေတာကိုလည်း တွေ့ရပါတယ်။”လို့ စစ်တွေမြို့ခံတစ်ဦးက Border News Agency သို့ ပြောပါတယ်။

ရခိုင်မှာရက္ခိုင့်တပ်တော်(AA)နဲ့စစ်ကောင်စီတပ်တို့ကြား တကျော့ပြန်တို က်ပွဲကို ၂၀၂၂ ခုနှစ်၊နိုဝင်ဘာ လ၂၆ ရက်နေ့က နှစ်ဖက်သဘောတူအပစ်ရပ်ထားကြပါတယ်။

အဲဒီလိုလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူ အညီပေးရေးအတွက် နှစ်ဖက်နားလည်မှုနဲ့အပစ်ရပ်ထားပေမယ့် စစ်ကောင်စီတပ်က စစ်ရေးလေ့ကျင့်တာတွေ၊စစ်သည်၊လက်နက်ဖြည့်တင်းတာတွေပြု လုပ်နေတယ်လို့ ရခိုင်ပြည်သူတွေက ဆိုကြပါတယ်။

ရက္ခိုင့်တပ်တော်(AA)ပါဝင်တဲ့ညီနောင်မဟာမိတ် တွေရဲ့ ”၁၀၂၇ စစ်ဆင်ရေး” ကိုပြီးခဲ့တဲ့လ ၂၇ ရက်နေ့ကစတင်ပြီး နောက်စစ်ကောင်စီကပြန်လည်လ က်တုံ့ပြန်မယ်လို့ပြောဆိုထားပြီး ရခိုင်မှာခုလိုအင် အားထပ်ဖြည့်စစ်ရေးလှုပ်ရှားမှုတွေ အမြင့်ဆုံးပြု လုပ်နေတာဖြစ်ပါတယ်။

ရခိုင်မှာ တိုက်ပွဲတွေမဖြစ်ပွားသေးပေမယ့် စစ်ကော င်စီတပ်က စစ်ရေးလှုပ်ရှားပြင်ဆင်မှုတွေ အရင်ထ က် ပိုမိုများပြားလာနေတာကို တွေ့နေရတယ်လို့ညီ နောင်မဟာမိတ်တွေက ဒီနေ့ထုတ်ပြန်ထားပါတယ်။

https://www.facebook.com/bordernewsagency/posts/356160690265435

Leave a Reply

Your email address will not be published.