By Border News Agency / 2023 November 20
ရခိုင်မှာ စစ်ကောင်စီတပ်က ပြည်သူတွေကို အ ကြောင်းမဲ့ဖမ်းဆီးပြီးငွေညှစ်နေကြသလို ငွေညှစ်ဖို့အတွက် တမင်တကာဖမ်းဆီးနေကြတယ်လို့ ရခိုင်ပြည်သူတွေက အတည်ပြုကြပါတယ်။
အဲဒီလိုဖမ်းဆီးသူတွေကိုပြန်လွှတ်ဖို့ တစ်ယောက်ကို အနည်းဆုံးကျပ်သုံးသိန်းကနေသိန်းတစ်ရာထိငွေညှစ်တောင်းယူနေကြတယ်လို့လည်း အဖမ်းခံထားရသူတွေရဲ့မိသားစုဝင်တွေ၊လိုက်ပါဆောင်ရွက်ပေးသူတွေ၊စစ်ကောင်စီအသိုင်း အဝိုင်းက ဆိုကြပါတယ်။
”ကျမယောကျ်ားကို အိမ်ကနေလာပြီးဖမ်းသွားပါတ ယ်။ဘာအကြောင်းပြချက်မှမရှိဘဲ။ပြီးတော့မှပြန်လွတ်ပေးချင်ရင်သိန်းတစ်ရာပေးရမယ်လို့အကြော င်းကြားလာပါတယ်။ဒီဟာက ပိုက်ဆံတောင်းဖိုသ က်သက်ငွေညှစ်တာပါ။”လို့ တောင်ကုတ်မြို့မှဖမ်း ဆီးခံထားရသူတစ်ဦးရဲ့ဇနီးဖြစ်သူက Border News Agency သို့ ပြောပါတယ်။
ရခိုင်မှာ ပြီးခဲ့တဲ့နိုဝင်ဘာလ ၁၄ ရက်နေ့ကတောင်ကု တ်မြို့ပေါ်က ရွှေဆိုင်ပိုင်ရှင်တွေအပါအဝင် စီးပွား ရေးသမား ၁၁ ဦးကို စစ်ကောင်စီတပ်က နေအိမ်တွေကနေလာရောက်ဖမ်းဆီးသွားတယ်လို့ မိသားစု ဝင်တွေနဲ့မြို့ခံတွေက ဆိုကြပါတယ်။
အဲဒီလိုဖမ်းဆီးမှုတွေကို အနောက်ပိုင်းတိုင်းစစ်ဌာန ချုပ်တိုင်းမှူး၊ထင်လင်းဦးအမိန့်နဲ့စကခ ၅ က G1 အောင်ဇော်လင်းကိုယ်တိုင်လာဖမ်းပြီး G1 အောင်ဇော်လင်းက တောင်းယူနေတာလို့ စစ်ကော င်စီတပ်အသိုင်းအဝိုင်းက အတည်ပြုပြောကြပါတယ်။
အဲဒီလိုဖမ်းဆီးဖို့အတွက် စစ်ကောင်စီနဲ့နီးစပ်တဲ့မြို့ခံစီးပွားရေးသမားတချို့က စစ်ကောင်စီအရာရှိတွေကို အမည်တွေပေးသလို စစ်ကောင်စီလက်အောက်ခံ ရဲ ၊ စရဖ ၊ စသုံးလုံး၊ သတင်းတပ်ဖွဲ့တွေကစောင့်ကြည့်လှုပ်ရှားကြသလို ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေလည်း ပါဝင်တယ်လို့ ဆိုကြပါတယ်။
အဲဒီအပြင်တခြားမြို့နယ်တွေမှာလည်းစစ်ဘေးရှော င်တွေကအစ ဘုန်းကြီး ကျောင်းသားတွေထိ အ ကြောင်းမဲ့ဖမ်းဆီးငွေညှစ်နေကြတယ်လို့ ဆိုကြပါတယ်။
”ကျောင်းက ကျောင်းသားကလေးတွေကိုဧည့်စာရ င်းမတိုင်းဘူးဆိုပြီးလာဖမ်းသွားကြတယ်။နောက်နေ့ပြန်လွှတ်ပေးမယ်ဆိုလို့သွားတာ ရဲစခန်းကတစ်ယောက်ကိုသုံးသိန်းကျပ်စီတောင်းတယ်။”လို့ဘုန်း ကြီးကျောင်းသားတချို့ဖမ်းဆီးခံခဲ့ရတဲ့ဆရာတော်ကြီးတစ်ပါးက Bord er News Agency သို့ ပြောပါတယ်။
ရခိုင်မှာ ရက္ခိုင့်တပ်တော်(AA)က စစ်ကောင််စီတပ်စ ခန်းတွေကို စတင်တို က်ခိုက်သိမ်းပိုက်တဲ့နိုဝင်ဘာ လ ၁၃ ရ က်နေ့ကစတင်ပြီး ရခိုင်ပြည်သူ ၂၀၀နီး
ပါးကို အကြောင်းမဲ့ဖမ်းဆီးထားတယ်လို့ ရခိုင်ပြည်သူတွေက ဆိုကြပါတယ်။
အဲဒီအထဲက အများစုကိုပြန်လွတ်မပေးသေးပေမယ့် သုံးသိန်းကျပ်ကနေသိန်းသုံးဆယ်ထိပေးခဲ့ရသူတချို့ကိုတော့ပြ န်လွှတ်ပေးလိုက်တယ်လို့ အတည် ပြုပြောကြပါတယ်။
ရခိုင်ပြည်သူတွေက စစ်ကောင်စီက မတရားဖမ်းဆီးနေတာဟာ ရခိုင်ပြည်သူတွေကို မကျေနပ်ချက်တခုတည်းကြောင့်မဟုတ်ဘဲ ငွေရလိုမှုတွေအတွက် အ နောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်မှူးကိုယ်တိုင်အစီအစဥ်ချလုပ်ဆောင်ခိုင်းထားတာလို့ စစ်ကောင်စီတ ပ်အရာရှိတွေနဲ့ရဲအရာရှိတွေက အတည်ပြုပြောကြပါတယ်။
အဲဒီလိုဖမ်းဆီးခံထားရသူတွေထဲမှာ ကလေးသူငယ်တွေ၊ အမျိုးသမီးတွေ ၊သက်ကြီးရွယ်အိုးတွေ ၊ ကျောင်းသားသူငယ်တွေ ၊တက္ကသိုလ်ကျောင်းသားတွေ၊ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးတွေထိပါဝင်တ ယ်လို့ ရခိုင်ပြည်သူတွေက ဆိုကြပါတယ်။
https://www.facebook.com/bordernewsagency/posts/364626969418807