ရခိုင်မြောက်ပိုင်း မောင်တော အင်းဒင်စခန်းမှ လက်နက်ငယ်များ ပစ်ခတ်နေ

By Arakan Bay News / 2023 November      10

ရခိုင်ပြည် မြောက်ပိုင်း မောင်တောမြို့နယ် အင်းဒင်စခန်းမှ စစ်ကောင်စီတပ်ဖွဲ့များ မှလက်နက်ငယ်များ ပစ်​ခတ်နေကြာင်း ဒေသခံတစ်ဦးမှ AB News သို့ သတင်းပေးပို့လာခဲ့သည်။

၎င်းတို့သည် ယနေ့ည ၅ နာရီမှ ၆ နာရီကျော်ထိတိုင်အောင် လက်နက်ငယ်အချက်ပေါင်း ၁၀၀ ကျော်ပစ်ခတ်နေကြောင်း သိရသည်။

လက်ရှိတွင်လည်း လက်နက်ငယ်များ ဆက်တိုက်ပစ်ခတ်နေသည့်အတွက် အနီးရှိရွာသူ/သားများ ကြောက်လန့်ပြီး တိတ်ဆိတ်နေကြကြောင်း ဒေသခံတစ်ဦးက AB News သို့ပြောသည်။

“ဆက်တိုင်းပစ်ခတ်နေပါတယ်၊ အကြိမ်ရေ ၁၀၀ ကျော်သွားပြီ၊ ခုထိမရပ်သေးဘူး၊ ရွာသူ/သားတွေလည်း ကြောက်နေကြတယ်၊ ဘယ်သူ့မှအသံမထွက်ကြဘူး “ဟု ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ မည်သည့်အတွက်ကြောင့် ပစ်ခတ်နေသည်ကို တိတိ ကျကျမသိရှိရဘဲ ယခုလိုပစ်ခတ်နေသည့်အတွက် ပြည်သူများ အလွန်ထိတ်လန့်နေရကြောင်း သိရသည်။

အချိန်မတော် လက်နက်စမ်းသပ်ပစ်ခတ်မည်ဆိုလျှင်လည်း ပြည်သူများကို အသိပေးပြီးမှ စမ်းသပ်​ေ ချင်ကြောင်း ၎င်းမှဆက်၍ ပြောသည်။

” သူတို့ အချိန်မတော် လက်နက်စမ်းသပ်မယ်ဆိုရင်လည်း ပြည်သူကို အသိပေးသင့်တယ်၊ အခုတော့ ဘာမှလည်းမသိမပေးဘူး ၊ မသိရင် တိုက်ပွဲဖြစ်နေတဲ့ပုံပဲ “ဟု ဆိုသည်။

လက်ရှိအချိန်ထိ လက်နက်ငယ်များပစ်ခတ်နေသည့်အတွက် ပြည်သူများ ရုန်းရင်းဆန်ခတ်ဖြစ်နေခြင်း၊ တောတောင်ပေါ်တွင် နွားကျောင်းသားများ အန္တရာယ်ရှိနိုင်ကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၉ ရက်နေ့ကလည်း မင်းပြားမြို့ အခြေစိုက် တိုင်းဗဟို ( ၉)မှ  လက်နက်ကြီးများပစ်ခတ်ခဲ့ကြောင်း သိရသည်။

https://www.facebook.com/ArakanBayNewsMedia/posts/308044055415186

Leave a Reply

Your email address will not be published.