By Border News Agency / 2023 November 20

ရခိုင်ပြည်သူလူထုရပ်လုံးကို ရန်သူလို့သတ်မှတ်ပြီး စစ်ကောင်စီက စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတယ်လို့ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ရခိုင်ပြည်သူတွေက ဆိုကြပါတယ်။
ရခိုင်မှာ ရက္ခိုင့်တပ်တော်(AA)နဲ့စစ်ကောင်စီတပ်တို့ကြား နှစ်ဘက်စစ်ရေးတင်းမာမှုတွေဖြစ်နေကြပေမယ့် နှစ်ဘက်ထိတွေ့တိုက်ပွဲတွေဖြစ်ပွားတာမဟုတ်ဘဲ စစ်ကောင်စီတပ်က အကြောင်းမဲ့ကျူးလွန်နေ တာလို့ ထောက်ပြကြပါတယ်။
အဲဒီလိုပြုလုပ်နေတာဟာ စစ်ကောင်စီက ရခိုင်ပြည်သူတွေကို ရန်သူလို့သတ်မှတ်ထားသလို ဒီလုပ်ရပ်တွေဟာ စစ်ရာဇဝတ်မှုမြောက်တယ်လို့လည်း နိုင်ငံ တကာအသိုင်းအဝိုင်း ဆိုကြပါတယ်။
”ဒီရက်ပိုင်း ရခိုင်ဖြစ်စဥ်တွေကို အနီးကပ်စောင့်ကြည့်နေပါတယ်။စစ်တပ်ဟာ ရခိုင်ပြည်သူတွေကို ရန် သူလို့သဘောထားနေတာပေါ်လွင်နေပါတယ်။တိုက် ပွဲတွေမရှိဘဲပြည်သူတွေကို အကြောင်းမဲ့ပစ်သတ် နေပါတယ်။ဒါတွေဟာ စစ်ရာဇဝတ်မှုတွေပါပဲ။”လို့ ရခိုင်အရေးစောင့်ကြည့်လေ့လာနေတဲ့နိုင်ငံတကာသံမတန်တစ်ဦးက Border News Agency သို့ပြောပါ တယ်။
ရခိုင်မှာ တပတ်အတွင်း စစ်ကောင်စီတပ်က လက်န က်ကြီး၊လက်နက်ငယ်တွေ၊နေဗီတွေ၊စစ်လေယာဥ်တွေနဲ့ပစ်ခတ်လို့ အပြစ်မဲ့အရပ်သားပြည်သူအနည်း ဆုံး၃၀ ခန့်သေဆုံးပြီး ၅၀ နီးပါးဒဏ်ရာရရှိခဲ့ကြတ ယ်လို့ မိသားစုဝင်တွေနဲ့ရခိုင်ပြည်သူတွေက ဆိုကြပါတယ်။
အဲဒီအပြင် မြို့တွေ၊လူနေရပ်ကွက်တွေထဲသို့ဝင်ရောက်ပြီး အကြောင်းမဲ့ပစ်ခတ်တာတွေ၊လက်နက် ကြီးပစ်ခတ်ပြီးပြည်သူတွေနေထိုင်လို့မရအောင် ခြောက်လန့်တာတွေလည်း နေ့စဥ်ရက်ဆက်ပြုလုပ် နေတယ်လို့ ရခိုင်ပြည်သူတွေက ဆိုကြပါတယ်။
နောက်ပြီး ရခိုင်တပြည်လုံးက ပြည်သူတွေကို အကြောင်းမဲ့ဖမ်းဆီးတာတွေလည်းနေ့စဥ်ရက်ဆက်ပြုလုပ်နေသလို တပတ်အတွင်း အနည်းဆုံးလူတစ်ရာကျော်ခန့်ကို စစ်ကောင်စီက ဖမ်းဆီးသွားတယိလို့လည်း မိသားစုဝင်တွေနဲ့ရခိုင်ပြည်သူတွေက ဆိုကြပါတယ်။
”နေအိမ်တံခါးတွေကိုဖြိုဖျက်ပြီးအတင်းဝင်ဖမ်းသွားတာပါ။မိသားစုတွေကိုလည်းပစ်သတ်မယ်လို့ခြိမ်းခြောက်ခဲ့ပါတယ်။ဘာအပြစ်မှမရှိတဲ့ပြည်သူတွေကို စစ်ရာဇဝတ်မှုတွေကျူးလွန်နေတာ။အ ကြောက်တရားတွေသွင်းနေသလိုပါ။”လို့ နေအိမ်မှမိသားစုဝင်တစ်ဦးဖမ်းဆီးခံလိုက်ရတဲ့အမျိုးသမီးတစ်ဦးက Border News Agency သို့ ပြောပါတယ်။
အဲဒီလိုပစ်ခတ်သတ်ဖြတ်ခံရသူတွေထဲမှာ ပေါက်တောမြို့နယ်ကအများဆုံးပါဝင်ပြီး မောင်တော၊ဘူးသီးတောင်၊ရသေ့တောင်၊မြောက်ဦး၊မြေပုံ၊အမ်း၊ပေါ က်တောမြို့နယ်တွေကပါဝင်ပါတယ်။
အဲဒီအပြင် စစ်ကောင်စီတပ်က လူနေကျေးရွာ၊ရပ်ကွက်၊မြို့တွေထဲသို့ အကြောင်းမဲ့ပစ်ခတ်နေလို့ကြောက်လန့်ထွက်ပြေးကြတာမှာ ကလေးငယ်တ ချို့အအေးမိသေဆုံးတာတွေလည်း ရှိနေတယ်လို့ ရခိုင်ပြည်သူတွေက ဆိုကြပါတယ်။
ရခိုင်မှာ ရက္ခိုင့်တပ်တော်(AA)က ပြီးခဲ့တဲ့နိုဝင်ဘာလ ၁၃ ရက်နေ့စတင်ကာ စစ်ကောင်စီတပ်စခန်းတွေကို တိုက် ခိုက်သိမ်းယူနေပြီး အဲဒီနေ့ကစတင်ကာ ရခိုင်တပြည်လုံးရှိ ကုန်းလမ်း၊ရေလမ်းအားလုံးကို စစ်ကောင်စီကပိတ်ဆို့ထားတယ်လို့ ရခိုင်ပြည်သူတွေက အတည် ပြုပြောကြပါတယ်။
စစ်ကောင်စီတပ်က အရပ်သားပြည်သူတွေကို လူ သားဒိုင်းကာအဖြစ်အသုံးပြုတာဟာ နိုင်ငံတကာစစ်ဥပဒေနဲ့ပြောင်ပြောင်တင်းတင်းဆန့်ကျင်နေတဲ့လုပ် ရပ်ဖြစ်တယ်လို့ ရက္ခိုင့်တပ်တော်(AA)ပါဝင်တဲ့ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ထားပါတယ်။
https://www.facebook.com/bordernewsagency/posts/364462496101921