By Border News Agency / 2023 November 25
ရခိုင်တပြည်နယ်လုံးရှိ အခြေခံပညာဆရာ၊ဆရာမတွေအားလုံး ကျောင်းတက်ကြဖို့ စစ်ကောင်စီက ဖိအားပေးနေတယ်လို့ ဆရာ၊ဆရာမတွေက အတည် ပြုပြောကြပါတယ်။
ရခိုင်မှာ ပြီးခဲ့တဲ့နိုဝင်ဘာလ ၁၃ ရက်နေ့စတင်ပြီး ရက္ခိုင့်တပ်တော်(AA)က စစ်ကောင်စီတပ်စခန်းတွေကို သိမ်းယူနေပါတယ်။
အဲဒီနေ့စတင်ပြီး စစ်ကောင်စီက ရခိုင်တပြည်လုံးရှိကုန်းလမ်း၊ရေလမ်းတွေအပြင်မြို့အဝင်အထွက်တွေကိုလည်း ပိတ်ဆို့ထားပါတယ်။
အဲဒါကြောင့် ရခိုင်တပြည်လုံးရှိအခြေခံပညာကျော င်းအားလုံးနီးပါးမှာ ကျောင်းမတက်ကြတော့ဘူးလို့ ကျောင်းသားမိဘတွေက အတည်ပြုပြောကြပါတ ယ်။
ဒါပေမယ့် ရခိုင်ပြည်နယ်ပညာရေးမှူးဦးဘထွီးစိန်လက်မှတ်ထိုးပြီး နိုဝင်ဘာလ ၂၃ ရက်နေ့က ခရိုင်၊မြို့နယ်ပညာရေးမှူးတွေကို စာထုတ်ကျောင်းတက်ခိုင်းနေပါတယ်။
အဲဒီလိုဖိအားပေးကျောင်းတက်ခိုင်းနေတာဟာ ကျောင်းဆရာ၊ဆရာမတွေ၊ကျောင်းသူ၊ကျောင်း သားတွေကို လူသားဒိုင်းကာပြုလုပ်ဖို့ဖြစ်တယ်လို့ ဝေဖန်ပြောဆိုနေကြပါတယ်။
”ပေါက်တောမှာလိုလူသားဒိုင်းကာလုပ်ဖို့အတွက်တ က်ခိုင်းတာလို့မြင်တယ်။ဒါ ကစစ်တပ်လုပ်နေကြလု ပ်ရပ်ပါ။ဒါကိုပညာရေးဌာနကလည်း လူကြီးအကြို က်စာထုတ်နေရင်တော့ အလုပ်ထွက်မယ့်သူများပါမယ်။ဘယ်သူမှအသက်ထက်အရေးမကြီးပါဘူး။” လို့ အထက်တန်းပြကျောင်းဆရာမတစ်ဦးက Border News Agency သို့ပြောပါတယ်။
ရခိုင်မှာ အခြေခံပညာကျောင်းတွေအားလုံးက ဆ ရာ၊ဆရာမတွေကို ကျောင်းတက်ခိုင်းနေပေမယ့် ကျောင်းသူ၊ကျောင်းသားတွေကတော့ တစ်ယောက်မှလာမတက်ကြဘူးလို့ ဆရာ၊ဆရာမတွေက ဆိုကြပါတယ်။
အဲဒီအပြင်တခြားမြို့ရွာတွေမှာ ပိတ်မိနေတဲ့ဆရာ၊ဆရာမတွေကိုလည်း ပညာရေးဌာနကအရေးယူကူ ညီဆောင်ရွက်ပေးတာမရှိတာမို့ ပညာရေးဌာနကို ဆ ရာ၊ဆရာမတွေအားလုံး ယုံကြည်မှုမရှိကြတော့ဘူးလို့လည်း ဆိုကြပါတယ်။
နောက်ပြီးကျောင်းမတက်ရင် လစာမပေးဘူးလို့ခြိမ်ခြောက်ပြောဆိုမှုတချို့ရှိနေပေမယ့် ဆရာ၊ဆရာမအများစုကတော့ အသက်ကိုစွန့်ပြီးကျောင်းမတက်
ကြတော့ဘူးလို့ ဆိုကြပါတယ်။
“ဒီလောက်စစ်ဖြစ်နေတာမှာ တပည့်နဲ့ ၊ဆရာ၊ဆရာမတွေကို အစုလိုက် မသတ်လို့ပြောလို့မရဘူး။အေး ချမ်းရင် စာမသင်တဲ့ကျောင်း၊ဆရာ၊ဆရာမဆိုတာမရှိပါဘူး။သူတို့ လစာမပေးရင် ဘယ်ဝန် ထမ်းမဆို အားပေးမှာမဟုတ်ဘူး။”လို့ကျောင်းဆရာမတစ်ဦးက Border News Agency သို့ ပြောပါတယ်။
ရခိုင်မှာ မိုခါမုန်တိုင်းကြောင့်စာသင်ကျောင်းအများစုပျက်စီးသွားခဲ့တာတွေကိုတောင် ခုချိန်ထိပြန်လည်တည်ဆောက်မပြုပြင်နိုင်သေးတာတွေရှိနေတယ်လို့လည်း ရခိုင်ပြည်သူတွေက ဆိုကြပါတယ်။
ပေါက်တောမြို့ပေါ်ကို စစ်ကောင်စီတပ်ကဝင်ရော က်စီးနင်းပြီးနောက်ပညာရေးဝန်ထမ်းတချို့၊ဖမ်း ဆီး၊သတ်ဖြတ်ခံရပေမယ့် ပညာရေးဌာနကဘာတခုမှမလုပ်ပေးသလို ပိတ်မိနေသူတွေကိုလည်းအကူအ ညီမပေးတာမို့ ပညာရေးဝန်ထမ်းအများစု နှုတ်ထွ က်ဖို့ပြင်ဆင်နေကြတယ်လို့လည်း ဆိုကြပါတယ်။
https://www.facebook.com/bordernewsagency/posts/367025602512277