By Border News Agency / 2023 November 19
ရခိုင်က မြို့နယ်တချို့မှာ ဆက်သွယ်ရေးဖုန်းလိုင်းတွေ စတင်ပြတ်တောက်နေပြီးနောက်ထပ်လည်း ပြတ်တောက်တာတွေဖြစ်လာနိုင်တယ်လို့ ရခိုင်ပြည်သူတွေ၊ဆက်သွယ်ရေးဝန်ထမ်းတွေနဲ့ဆက်သွယ် ရေးတာဝါတိုင်တွေကို စက်သုံးဆီဖြည့်ရေးတာဝန်ယူထားတဲ့ကုမ္ပဏီတွေက အတည်ပြုပြောကြပါတယ်။
အဲဒီလိုပြတ်တောက်တာဟာ အမ်းမြို့နယ်၊ရူးစံပြကျေးရွာအုပ်စု၊တပ်တောင်နဲ့မြေပုံမြို့နယ်၊ကမ်းထောင့်ကြီးတို့ဖြစ်သလို MPT ဆက်သွယ်ရေးတာဝါတိုင်တွေစက်သုံးဆီကုန်လို့ရပ်သွားတာလို့ ဆက်သွ ယ်ရေးကုမ္ပဏီတွေက ရှင်းပြကြပါတယ်။
”အဓိကတော့ စက်သုံးဆီတွေသယ်လို့မရတာပါ။စ စ်ဆေးရေးဂိတ်တွေမှာ စက်သုံးဆီတွေကို ဖြတ်သ န်းခွင့်မပေးပါဘူး ။ဒါကြောင့်စက်သုံးဆီတွေအခက် အခဲဖြစ်တော့ တာဝါတိုင်တွေမှာစက်သုံးဆီတွေကုန် သွားလို့ရပ်သွားတာပါ။”လို့ ဆက်သွယ်ရေးတာဝါတိုင်တွေကို စက်သုံးဆီဖြည့်ရေးတာဝန်ယူထားတဲ့ အမရာကုမ္ပဏီမှ ဝန်ထမ်းတစ်ဦးက Border News Agency သို့ ပြောပါတယ်။
အဲဒီအမရာကုမ္ပဏီဟာ အာဏာသိမ်းစစ်ကောင်စီလူကြီးတွေနဲ့နီးစပ်ပေမယ့်စက်သုံးဆီတွေကို ရခိုင်သို့သယ်ယူခွင့်မပေးတော့ဘူးလို့ အမရာကုမ္ပဏီမှတာဝန်ရှိသူတွေက ဆိုကြပါတယ်။
အဲဒီလိုမျိုး စက်သုံးဆီတွေကိုရခိုင်သို့ သယ်ယူခွင့်တွေဆက်ပိတ်ထားရင်တော့ နောက်ထပ်ဆက်သွယ်ရေးတာဝါတိုင်တွေလည်း ဆီကုန်ရင်ရပ်သွားနိုင်ပြီး ရခိုင်မှာလည်း ဆက်သွယ်ရေးဖုန်းလိုင်း၊အင်တာနက်လိုင်တွေပြတ်တောက်လာနိုင်တယ်လို့ ဆက်သွယ်ရေးဝန်ထမ်းတွေက ဆိုကြပါတယ်။
ရခိုင်ရှိဌာနဆိုင်ရာအားလုံးက ဝန်ထမ်းအားလုံးကို ရုံးနဲ့ဝန်ထမ်းရိပ်သာ၊နေအိမ်တွေမှာသာအချိန်ပြည့်နေဖို့၊ခရီးမထွက်ကြဖို့အမိန့်ထုတ်ထားပေမယ့် ရုံးလုပ်ငန်းတွေထက် သူတို့ခိုင်းတာတွေသာလုပ်ပေးနေကြရတယ်လို့ ဆိုကြပါတယ်။
”ခုက ဘယ်နားကတာဝါတိုင်ဆီကုန်လို့ရပ်သွားပြီ။ဘယ်နေရာမှာ ဘာဖြစ်သွားပြီသိပေမယ့် သွားပြင်သွားလုပ်လို့မရဘူး။သူတို့ခွင့်ပြုမှသွားလာလို့ရတာပါ။ဝန်ထမ်းတွေကလည်း မြို့ပြင်တွေဆိုရင်မသွားရဲကြတော့ဘူး။”လို့ ရခိုင်မှခရိုင်ဆက်သွယ်ရေးအရာရှိတစ်ဦးက Border News Agency သို့ ပြောပါတယ်။
ရခိုင်မှာ ရက္ခိုင့်တပ်တော်(AA)က ပြီးခဲ့တဲ့နိုဝင်ဘာ လ ၁၃ ရက်နေ့စတင်ကာ စစ်ကောင်စီစခန်းတွေကို တိုက်ခိုက်သိမ်းယူနေပြီး အဲဒီနေ့ကစတင်ကာ ရခိုင်တပြည်လုံးရှိ ကုန်းလမ်း၊ရေလမ်းအားလုံးကို စစ်ကောင်စီကပိတ်ဆို့ထားတယ်လို့ ရခိုင်ပြည်သူတွေက အတည် ပြုပြောကြပါတယ်။
အဲဒီလိုပိတ်ဆို့တားမြစ်ထားတာမို့ ရခိုင်မှာ စက်သုံးဆီတွေလည်းပြတ်တောက်လာသလို စက်သုံးဆီတွေနဲ့လည်ပတ်နေကြတဲ့ဆက်သွယ်ရေးတာဝါတိုင်တွေလည်းဆီကုန်ပြတ်တောက်လာကာ နောက်ပိုင်းမှာ ရခိုင်တပြည်လုံးပြတ်တောက်သွားနိုင်တယ်လို့ ဆိုကြပါတယ်။
https://www.facebook.com/bordernewsagency/posts/363953892819448