ရက္ခိုင့်ဘုရင်တွေရဲ့စစ်အောင်နိုင်မှုကို သက်သေထူနေတဲ့ သျှစ်သောင်းပုထိုးတော်ကြီး

By Border News Agency / 2023 November   27

(ဓာတ်ပုံ-လပြည့်နေ့မှာ Border NewsAgencyကသွားရောက်ရိုက်ထားတာကိုကဖော်ပြလိုက်ပါတယ်)

ရန်အောင်ဇေယျသိမ်တော်ကြီး(သို့)သျှစ်သောင်းပု ထိုးတော်ကြီးဟာ ရက္ခိုင့်ဘုရင်တွေရဲ့စစ်အောင်နိုင်မှုကို ခုချိန်ထိသက်သေထူနေတယ်လို့ ရှေးဟောင်းသုတေသီတွေက ဆိုကြပါတယ်။

အဲဒီသျှစ်သောင်းပုထိုးတော်ကြီးကို မြောက်ဦးမင်းဆက်ရဲ့ ၁၂ ဆက်မြောက် မင်းဗာကြီးက သက္ကရာဇ် ၈၉၇ ခုနှစ် ၊တန်ဆောင်မုန်းလပြည့် စနေနေ့စတင်တည်ခဲ့တာလို့ ဘုရားသမိုင်းမှာ ဖော်ပြထားပါတယ်။

အဲဒီပုထိုးတော်ကြီးကို သုံးဖက်ပိတ်ပြီး အရှေ့ဖက်တောင်ခြေဖက်မှသာမုခ် ပေါက်တစ်ခုတည်းဖွင့်ကာ ဝင်္ကပါသဖွယ်တည်ဆောက်ထားတာဖြစ်ပါတယ်။

အဲဒါကြောင့်ရှေးဟောင်းသုတေသနပညာရှင်တွေက တော့ ဘုရားပုထိုးတော်ကြီးဖြစ်သလိုစစ်ရေးအရအရေးကြုံရင်ရန်သူဘေးမှခိုအောင်းဖို့ ခံတပ်အဖြစ် တည်ထားဟန်တူတယ်လို့ ဆိုကြပါတယ်။

ရက္ခိုင့်ဘုရင့်နိုင်ငံတော်အချုပ်အခြာအာဏာဆုံးရှုံးသွားခဲ့နှစ်ပေါင်းနှစ်ရာကျော်ပေမယ့်ရက္ခိုင့်ဘုရင်တွေရဲ့စစ်ရေးစစ်ရာအမြင်တွေကတော့ ခေတ်မီနေ ဆဲပဲလို့ ရခိုင်ပြည်သူတွေက ဆိုကြပါတယ်။

ရခိုင်မှာ ရက္ခိုင့်တပ်တော်(AA)ရက္ခိုင့်လူမျိုးတွေရဲ့ဆုံးရှုံးသွားတဲ့အချုပ်အခြာအာဏာကိုပြန်လည်ရယူဖို့တိုက်ပွဲဝင်နေတယ်လို့ ဆိုထားပါတယ်။

ရခိုင်မှာ စစ်ရေးပြင်းထန်နေပြီးရခိုင်ပြည်သူလူထုတရပ်လုံးလက်နက်ကြီးအ​မြောက်ဒဏ်ကိုခံနေကြရချိန် ရက္ခိုင့်ဘုရင်တွေတည်ဆောက်ခဲ့တဲ့ ပုထိုးတော်ကြီးတွေဟာ ဘေးဒဏ်ပေါင်းစုံကိုခံနိုင်တဲ့ခံတပ်ကြီးတွေလိုရှိနေဆဲပဲလိုလည်း ရခိုင်ပြည်သူတွေက ဆိုကြပါတယ်။

အဲဒီအပြင်ရက္ခိုင့်တွေရဲ့ယဥ်ကျေးမှုလက်ရာတွေ၊ဆင်ယင်ထုံးဖွဲ့မှုတွေ၊စစ်ရေးစစ်ရာတွေကိုပါ အနု စိတ်မှတ်တမ်းတင်ထားခဲ့တယ်လို့ ဆိုကြပါတယ်။

နောက်ပြီးရက္ခိုင့်ဘုရင်တွေရဲ့စစ်အောင်နိုင်မှုကိုသ က်သေထူးနေတာမို့ ရက္ခိုင့်သမိုင်းသစ်ကိုလည်းဖော် ညွှန်နေတယ်လို့ ရခိုင်ပြည့သူတွေက ဆိုကြပါတယ်။

https://www.facebook.com/bordernewsagency/posts/368188009062703

Leave a Reply

Your email address will not be published.