ရက္ခိုင်ပြည်မာ တိုက်ပွဲတိအချိန်မရွီး ဖြစ်လာနိုင်

(ပြည်သူတိနိုးနိုးကြားကြားနီကတ်ဖို့နန့် ရိက္ခာအပြင်အစစအရာရာ ကြိုတင်ပြင်ဆင်ထားဖို့လိုအပ်)

By Arakan Princess Media / 2023 November    2

ရက္ခိုင်ပြည်မာ ရက္ခိုင့်တပ်တော် AA နန့်စစ်ကောင်စီတပ်ရို့ကြား တိုက်ပွဲတိအချိန်မရွီးဖြစ်လာနိုင်လို့ အာရက္ခပြည်သူလူထုတိအနီနန့် နိုးနိုးကြားကြားနီပနာ အစစအရာရာ ကြိုတင်ပြင်ဆင်ထားသင့်ကြောင်း ရက္ခိုင်ဝါရင့် နိုင်ငံရီးသမား ဦးဖေသန်းက  သုံးသပ်ပြောဆိုပါရေ။

“ရက္ခိုင်ပြည်မာ တိုက်ပွဲတိ အချိန်မရွီးဖြစ်လာနိုင်ပါရေ။အေစွာက တခြားဒေသတိမာ တိုက်နီလို့မဟုတ်ဘဲ၊ ULA/AA ၏ ရည်ရွယ်ချက်နန့် စကစ၏ သဘောထားက ပြဒါးတလမ်း သံတလမ်းဖြစ်နီလို့ပါ။ ယေဇူးနန့် ရက္ခိုင်ပြည်မာ တိုက်ပွဲတိက တရက်မဟုတ်တရက် ဖြစ်လာဖို့ သေချာရေ”လို့  ဦးဖေသန်းက ဆိုပါရေ။

ရက္ခိုင့်တပ်တော် AA စွာ ကုန်ခရေ အောက်တိုဘာ ၂၇ ရက်နိကစလို့ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် ကိုးကန့်(MNDAA)၊ တအာင်းအမျိုးသားလွတ်မြောက်ရီးတပ်မတော် (TNLA)ရို့နန့် ၁၀၂၇ စစ်ဆင်ရီး (Operation 1027 )ကို ပူးတွဲ ကြေညာချက် ထုတ်ပြန်ခပြီးနောက်ပိုင်း လက်ဟိ သျှမ်းပြည်မြောက်ပိုင်းမာ တိုက်ပွဲတိပြင်းပြင်းထန်ထန် ဖြစ်ပွားလို့ ဟိပါရေ။

တဖက်မာ ယင်းတိုက်ပွဲအဟိန်ကြောင့် အဖက်ဖက်က ယှုံးနိမ့်နီရေ စစ်ကောင်စီစွာ ယှုံးမဲမဲပနာ  ရက္ခိုင်ပြည်ဖက်သို့လည်း စစ်ရီးမြှားဦးလှည့်လာနိုင်ရေအတွက် ရက္ခိုင်ပြည်မာလည်း တိုက်ပွဲတိအချိန်မရွီးဖြစ်လာနိုင်ရေလို့  ဦးဖေသန်းက ဆိုပါရေ။

ယင်းပိုင် တိုက်ပွဲတိဖြစ်လာနိုင်လို့အာရက္ခပြည်သူလူထုတိအနီနန့် လည်း ခရီးလားလာရီးကအစ နိုးနိုးကြားကြား နီသင့်ပနာ စားရီးသောက်ရီးအတွက် ရိက္ခာတိနန့် အစစအရာရာ ကြိုတင်ပြင်ဆင်ထားသင့်ကြောင်းလည်း သူကဆက်ပြောပါရေ။

ဒေရက်ပိုင်းအတွင်း ရက္ခိုင်ပြည်၊ မြို့နယ်တိုင်းမာ စစ်ကောင်စီတပ်က ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် ULA/ AA တပ်ဖွဲ့ဝင်တိကို လိုက်လံစုံစမ်းရှာဖွီမှုတိ လုပ်ဆောင်လို့ဟိနီရေပိုင် ခရီးလားပြည်သူတိကိုလည်း တင်းတင်းကျပ်ကျပ်စစ်ဆီးစွာတိကို တိုးချဲ့လုပ်ဆောင်လို့ ဟိနီပါရေ။

ယင်းအပြင် ရက္ခိုင်ပြည်မာ စစ်ကောင်စီတပ်က လက်နက်အင်အား၊ လူအင်အား၊ စားနပ်ရိက္ခာတိကို နိနန့်ညည့်မရွီး အင်တိုက်အားတိုက် ဖြည့်တင်းလို့ဟိပနာ လက်နက်ကြီး၊ လက်နက်ငယ်များကိုလည်း တရစက်ဆိုပိုင်စမ်းသပ်ပစ်ခတ်စွာတိ​ လုပ်ဆောင်နီပါရေ။

ကုန်ခရေ ၂၀၂၂ ခုနစ်၊ နိုဗမ်ဘာ ၂၆ ရက်နိကစလို့ ရက္ခိုင့်တပ်တော် AA နန့်စစ်ကောင်စီတပ်ရို့ လူသားချင်းစာနာမှုဆိုင်ရာအပစ်အခတ်ရပ်စဲခပြီး လက်ဟိတနှစ်အကြာမာ နှစ်ဖက်စစ်ရီးအခြေအနီတိ ပြန်လို့ တင်းမာလာစွာဖြစ်ပါရေ။

https://www.facebook.com/arakanprincessmedia1/posts/358510469907247

Leave a Reply

Your email address will not be published.