မောင်တောနယ်စပ် ကုန်သွယ်ရီး သိသိသာသာ ကျဆင်းလာလို့ အခြီခံလုပ်သားတိ စားဝတ်နီရီးအခက်ကြုံ

By Arakan Princess Media / 2023 November    3

ဘင်္ဂလားဒေ့ချ်သို့ အဓိက ကုန်စည်တင်ပို့နီရေ မောင်တောနယ်စပ် ကုန်သွယ်ရီးစခန်းက ကုန်သွယ်မှုသိသိသာသာကျဆင်းလာရေအတွက် လက်ဟိ လက်လုပ်လက်စားဒေသခံပြည်သူတိနန် အခြီခံနိစားအလုပ်သမားတိမာ စားဝတ်နီရီးအခက်အခဲနန့်  ရင်ဆိုင်လာနီရရေလို့ သိရပါရေ။

ကုန်ခရေ စပ်တမ်ဘာလကစလို့ မောင်တောနယ်စပ်ကုန်သွယ်ရီးစခန်းကနီ ပို့ကုန် အသစ်တင်ပို့နိုင်မှုကျဆင်းလားပြီးကေ လက်ဟိမာ လက်ကျန် ပို့ကုန်စကေချေကိုရာ တင်ပို့နီရပနာ ကုန်သွယ်ရီးမာလည်း ရပ်တန့်လုနီးပါးဖြစ်နီပါရေ။

ယင်းကြောင့် ယင်းမောင်တောနယ်စပ်ကုန်သွယ်ရီးစခန်းက ကုန်သွယ်မှုကို မှီခိုအားထားနီကတ်ရရေ ဒေသခံလက်လုပ်လက်စားပြည်သူတိနန့် အခြီခံ နိစားအလုပ်သမားတိမာ အလုပ်မဖြစ်ဘဲ အခက်ကြုံနီကတ်ရရေလို့ အခြီခံလုပ်သားတိက ပြောပါရေ။

“အယင်ကဆိုကေ မောင်တောကနီ ဘင်္ဂလားဒေ့ချ်သို့ စက်လှီ ၅ စီးကနီ ၆ စီးထိ ကုန်တင်ပို့ရရေဆိုခါ တရက်စာ စားဝတ်နီရီးအတွက်က ကောင်းပူဖို့မလိုပါ။ အဂု စစ်ကောင်စီက ကုန်ပစ္စည်းတိကို စစ်တွေဆိပ်ကမ်းကရာ တင်ပို့ရဖို့လို့ ကန့်သတ်လိုက်တေနောက်ပိုင်းကပင် ကုန်းပစ္စည်းအတင်အချလည်း သိသိသာသာ နည်းလားပြီးကေ မိသားစု စားဝတ်နီရီးကအစ အခက်အခဲကြုံနီကတ်ရပါရေ” လို့ မောင်တောနယ်စပ်ကုန်သွယ်ရီးအတွင်း ကုန်တင်ကုန်ချလုပ်နီရေ အခြီခံလုပ်သား တယောက်က ဆိုပါရေ။

တချို့အလုပ်သမားတိဆိုကေ ကုန်တင်၊ကုန်ချအလုပ်ကို လုံးဝ ရပ်တန့်ထားရပနာ ကြုံရာ ကျဗန်းအလုပ်နန့် မိသားစု စားဝတ်နီရီးကို ခက်ခက်ခဲခဲ ဖြေယှင်းနီကတ်ရကြောင်းလည်း သူကဆက်ပြောပါရေ။

စစ်ကောင်စီပိုင်ဘဏ်နှစ်ခု၏ အပ်ငွေတိကို ဘင်္ဂလားဒေ့ချ့်ဟိ Sonali ဘဏ်က ထုတ်ယူခွင့်ပိတ်ပင်ခလို့ လက်တုန့်ပြန်ရေအနီနန့် ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံ၊ နှမ်း၊ မြီပဲ၊ မြီပဲဆန်၊ ကြက်သွန်နီနန့်ရီချို ရီ ငန် ငါးမျိုးစုံကို  မောင်တောမြို့နယ်စပ်ကတဆင့် တင်ပို့ခွင့် စစ်ကောင်စီက ပိတ်ပင်ခပါရေ။

ကန့်သတ်ကုန်စည်ပစ္စည်းတိကို တင်ပို့ဖို့ဆိုကေ  စစ်တွေနယ်စပ်ကုန်သွယ်ရီး စခန်းကိုရာ သုံးစွဲရဖို့လို့ စစ်ကောင်စီ ကုန်သွယ်ရီးဦးစီးဌာန က စပ်တမ်ဘာ ၁ ရက်စွဲနန့် အမိန့်စာထုတ်ပြန်ခပါရေ။

https://www.facebook.com/arakanprincessmedia1/posts/358969779861316

Leave a Reply

Your email address will not be published.