မည်သည့်အရပ်ဒေသမဆို သွားလာရာ၌ နားစွင့်ရန်လိုအပ်ကြောင်း ညီနောင် မဟာမိတ် ၃ ဖွဲ့ထုတ်ပြန်

By Arakan Bay News / 2023 November      6

စစ်မြေပြင်တွင် စခန်းကုန်းများတစ်ခုပြီးတစ်ခု လက်လွှတ် ဆုံးရှူံးနေရသည့် စစ်ကောင်စီတပ်များသည် ပြည်သူများအားပစ်မှတ်ထားလာမှုကြောင့် မည်သည့်အရပ်ဒေသမဆို သွားလာရာ၌ နားစွင့်ရန် လိုအပ်နေကြောင်း  စစ်ဆင်ရေး ၁၁ ရက်မြောက်နေ့တွင် ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်သည်။

အဆိုပါထုတ်ပြန်ချက်တွင် ရက်စက်ပြီး မည်သည့်အရာကိုမဆိုလုပ်ဝံ့သော စစ်ကောင်စီ၏ လုပ်ရပ်များကြောင့် အရပ်သားပြည်သူလူထုများအနေဖြင့် သွားသတိ၊ လာသတိ၊ နေသတိ စသည့် လုံခြုံရေးသတိအပြည့်ဖြင့် နားစွင့်နေထိုင်ကြရန်ကိုလည်း သတိပေးအပ်ပါကြောင်း ထုတ်ပြန်ထားသည်။

နိုဝင်ဘာလ ၆ ရက်နေ့” Operation 1027″ စစ်ဆင်ရေး ၁၁ ရက်မြောက်နေ့တွင် သိမ်းပိုက်ရရှိခဲ့သော တအာင်းတပ်မတော် (TNLA) သည်လည်း တအာင်းပြည်နယ်၊ တပ်မဟာ (၁) စစ်ဒေသ၊ နမ့်ခမ်းမြို့ရှိ “နမ့်ခမ်းရဲစခန်း” ထိုးစစ်ဆင် သိမ်းပိုက်နိုင်ခဲ့သည်။

AA၊ KIA၊ PDF တို့ ပူးပေါင်း၍ ခရိုင်အဆင့်ရှိသော စစ်ကိုင်းတိုင်း ကောလင်းမြို့ကို အမြစ်ပြတ်ချေမှုန်းနိုင်ခဲ့ပြီး ထိန်းချုပ်ထားကြောင်း သိရသည်။

ကိုးကန့်တပ်မတော် (MNDAA) နှင့် ရက္ခိုင့်တပ်တော် (AA) တို့သည် ရန်သူစစ်ကောင်စီ၏ ဗျူဟာကုန်းများထဲမှ ပန်လုံဗျူဟာကုန်း (အဓိကပင်မကုန်း) ၏ အောက်ဘက်တွင်ရှိသော “ကာကင်း” ဗျူဟာစခန်း (၂) ခုအား နိုဝင်ဘာလ (၄) ရက်နေ့ ကတည်းကပင် စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ၎င်းစခန်းအား နိုဝင်ဘာလ (၅) ရက်နေ့တွင် အပြီးသတ်ချေမှုန်သိမ်းပိုက်ခဲ့ကြောင်း ညီနောင် မဟာမိတ် ၃ ဖွဲ့ကဆိုသည်။

စစ်ကောင်စီ၏ တပ်မ (၉၉) လက်အောက်ခံ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းထိုင်ထားသော “ပန်လုံဗျူဟာကုန်း” အား ညီနောင်မဟာမိတ် ၃ ဖွဲ့မှ ထိုးစစ်ဆင်တိုက်ခဲ့စဥ်အတွင်း တိုင်းပြည်နှင့် လူမျိုးအတွက် အသက်၊ ခန္ဓာ ပေးဆပ်စွန့်လွှတ်ခဲ့ကြရသောအဖွဲ့အစည်းအသီးသီးမှ ရဲဘော် တစ်ယောက်ချင်းစီကိုလည်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

လက်ရှိတွင် နောင်ချိုမြို့နယ်၊ ဂုတ်ထိပ်တံတားအနီးပတ်ဝန်းကျင်ရှိ ရန်သူ စစ်ကောင်စီတပ်စခန်းအားထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်ဟု ညီနောင် ၃ မဟာမိတ် ၃ဖွဲ့က ဆိုသည်။

https://www.facebook.com/ArakanBayNewsMedia/posts/305966595622932

Leave a Reply

Your email address will not be published.