မင်းပြား၊ မယ်တော်တောင်ဟိ စစ်ကောင်စီတပ်က မြစ် ကြောင်းတလျှောက်လားလာနီလူတိကို သီနတ်နန့် လှမ်းပစ်နီ

(ရက္ခိုင်ပြည်တွင်း ရီကြောင်းခရီး လားလာနီလူတိ အထူးသတိထားဖို့ လိုအပ်နီ)

By Arakan Princess Media / 2023 November    19

မင်းပြားမြို့၊ မယ်တော်တောင်မာ တပ်စွဲထားရေ စစ်ကောင်စီတပ်စွာ မြစ်ကြောင်းတလျှောက်ဖြတ်သန်းလားလာနီကတ်တေ လောင်း၊ ဘုတ်၊ဟွန်ဒါ၊ စစ်လှီတိကို ဒေနိမိုးထက စပနာ ပွိုင့်ဖိုက် သီနတ်နန့် လှမ်းပစ်နီကြောင်း သိရပါရေ။

ဒေနိနိခင်း ၁၂ နာရီ ခွဲလောက်ကလည်း ယင်းမြစ်အတွင်းလားလာနီရေ စက်လှီတစီးကိုမယ်တော်တောင်ဟိစစ်ကောင်စီတပ်က သီနတ်နန့်လှမ်းပစ်ခပါရေ။

အလားတူ နိခင်း ၁ နာရီလောက်ကလည်း မြစ်ကြောင်းတလျှောက်လားလာနီရေ ဟွန်ဒါ၊လောင်း၊စက်လှီချေတိကို ယင်းတပ်စခန်းကနီ ပွိိုင့်ဖိုက်နန့် အတွဲလိုက် ပစ်ခတ်ခပါသိမ့်ရေ။

ရက္ခိုင်မာ ရက္ခိုင့်တပ်တော် AA နန့် စစ်ကောင်စီတပ်ရို့တကျော့ပြန်တိုက်ပွဲ စတင်ဖြစ်ပွားခပြီးနောက် စစ်ကောင်စီစွာ ဒေသခံပြည်သူတိ၊ မြို့၊ရွာတိကို အဓိကထား ဦးတည်တိုက်ခိုက်လို့ဟိနီပါရေ။

ကုန်ခရေ နိုဗမ်ဘာ ၁၈ ရက်နိကကလည်း ပေါက်တောမြို့နယ်၊ မနော်သီရိ ကနီ ပုဏ္ဏားကျွန်းမြို့နယ်သို့ စစ်ဖီးယှောင်လာရေ ဒေသခံတိကို ကုလားတန်မြစ်ကို ဖြတ်ကူးနီချိန်မာ စစ်ကောင်စီနေဗီက ပစ်ခတ်ခလို့ ဒေသခံ တယောက် ဒဏ်ရာ ပြင်းပြင်း ထန်ထန် ရလားပါသိမ့်ရေ။

ယင်းပိုင် စစ်ကောင်စီက ရီကြောင်းခရီးလားလာလူတိကို ပစ်မှတ်ထားတိုက်ခိုက်လာရေအတွက် ရက္ခိုင်ပြည်တွင်း ရီကြောင်းခရီးလားလာနီရေ လူတိအနီနန့် အထူးသတိထားလားလာကတ်ဖို့ အရေးတကြီးလိုအပ်နီပါရေ။

https://www.facebook.com/watch/?v=260881966606974

Leave a Reply

Your email address will not be published.