မင်းပြားမြို့ လူဦးရေ ၄ သောင်း ၈ ထောင်ကျော် အထိဟာ AA တွေဖြစ်တယ်လို့ ရခိုင်ပြည်နယ်အစိုးရဖွဲ့က စွပ်စွဲ

By VOW / 2023 November   19

ရခိုင်ပြည်၊ မင်းပြားမြို့က လူဦးရေ ၄ သောင်း ၈ ထောင်ကျော် ပြည်သူတွေကို AA ဖြစ်တယ်လို့ ရခိုင်ပြည်နယ်အစိုးရဖွဲ့လို့ ဆိုသူတွေကစွပ်စွဲပြောဆိုထားပါတယ်။

မြို့ထဲကိုဝင်ပြီးတော့ မိမိတို့တပ်က နယ်မြေရှင်းလင်းရေးတွေလုပ်မယ်ဆိုတော့ AA အမာခံတွေအကြောက်အကန်ထွက်ပြေးတယ်လို့ ဆိုထားပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်လို့ ပြည်သူတွေပြောတာကတော့ “စစ်ကောင်စီအဖွဲ့တွေက ပေါက်တောမြို့ထဲကိုဝင်ပြီး နယ်မြေရှင်လင်းရေးကိုအမည်ပြ၊ အပြစ်မဲ့ပြည်သူတွေကို ပစ်ခတ် သတ်ဖြတ်မှုတွေလုပ်ခဲ့တဲ့အတွက် အပြစ်မဲ့ပြည်သူတွေ သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့တယ်” လို့ ဆိုပါတယ်။

ဆက်လက်ပြီး ရခိုင်ပြည်နယ်အစိုးဖွဲ့လို့ဆိုသူတွေက “ပြည်သူလူထုများအနေဖြင့် အေအေ အဖွဲ့ ကြောင့် ငြိမ်းချမ်းနေသောရခိုင်ပြည်ကြီး စစ်မီးတောက်လောင်စေခဲ့သည်ကို နားလည်သဘောပေါက်ရန်လိုအပ်ပါသည်” လို့ ဆိုထားပါတယ်။

ပေါက်တောမြို့ခံတွေကတော့ “ရခိုင်တပ် AA နဲ့ဖြစ်တာကို စစ်ကောင်စီက အပြစ်မဲ့ပြည်သူတွေကို ပစ်ခတ်ဖို့ လိုသလား” မေးခွန်းထုတ်ပြောဆိုပါတယ်။

ရခိုင်မှာ စစ်ကောင်စီဖက်က အရပ်သားပြည်သူတွေကို လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်မှုတွေရှိတဲ့အတွက် အပြစ်မဲ့ပြည်သူတချို့ သေဆုံးဒဏ်ရာရသူတွေအများအပြားရှိနေပြီလို့ ဒေသခံတွေက ပြောဆိုပါတယ်။

https://www.facebook.com/VOW2ppl/posts/367824162296473

Leave a Reply

Your email address will not be published.