By Arakan Princess Media / 2023 November 26
မင်းပြားမြို့နယ်မာ နိုဗမ်ဘာ ၁၄ ရက်နိကနီ ဒေနိ(နိုဗမ်ဘာ ၂၆ ရက်နိ)အထိ နှစ်ပတ်နီးပါးအတွင်း စစ်ကောင်စီတပ် လက်နက်ကြီး၊လက်နက်ချေတိနန့် ပစ်ခတ်သတ်ဖြတ်မှုကြောင့် ဒေသခံအရပ်သားပြည်သူ ၆ ယောက်သီဆုံးခပြီးကေ ၂၅ ယောက်ထက်မနည်း ဒဏ်ရာရလားခကြောင်း သိရပါရေ။
သီဆုံးလားလူတိမာ မင်းပြားမြို့နယ်၊ ကေသလာချောင်းဝရွာက ၁ ယောက်၊ မင်းပြားမြို့၊ အလယ်ပိုင်းရပ်ကွက်က ၁ ယောက်နန့် ဆင်ကြီးပြင်(မူဆလင်)ရွာက ၄ ယောက်ဖြစ်ပါရေ။
ကေသလာချောင်းဝရွာက တယောက်စွာ အသက် ၇၃ နှစ်အရွယ် ဦးဖြူလုံး ဖြစ်ပြီးကေ သူစွာ နိုဗမ်ဘာ ၂၃ ရက်နိမာ မင်းပြားမြို့၊ မယ်တော်တောင်တန်းအခြီချ စစ်ကောင်စီတပ်စခန်းက လက်နက်ကြီးပစ်ခတ်မှုကြောင့် ဦးဂေါင်းပွင့်ထွက်လားပနာ နီရာမာပင် ဂွင်တိုင်း သီဆုံးလားခပါရေ။
အလယ်ပိုင်းရပ်ကွက်က သီဆုံးလူမာ ဦးတင်အောင်(၇၂ နှစ်) ဖြစ်ပြီးကေ သူ့ကို မင်းပြားအခြီစိုက်စစ်ကောင်စီတပ် ခမရ (၃၈၀) တပ်ရင်းက နိုဗမ်ဘာ ၁၇ ရက်နိမာ ပစ်လိုက်တေလက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲလို့ သီဆုံးလားစွာဖြစ်ပါရေ။
ဆင်ကြီးပြင်(မူဆလင်)ရွာကသီဆုံးလားခရေ ၄ ယောက်ကတော့ ကိုဆွေယောက်ဟူဆောန်(၂၀နှစ်)၊ကိုမာမောက်အာလောင်(၂၅နှစ်)၊ ဒေါ်အရော်မာ(၄၅နှစ်)၊ ဒေါ်ဆော်မူဒါ(၅၅နှစ်) ရို့ဖြစ်ကတ်ပါရေ။
ယင်းအထဲ ဒေါ် ဆော်မူဒါ စွာနိုဗမ်ဘာ ၁၅ ရက်နိမာ ခမရ(၃၈၀) စစ်ကောင်စီတပ်ရင်းက ပစ်ခတ်လိုက်တေ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် သီဆုံးလားစွာဖြစ်ပါရေ။
ကိုဆွေယောက်ဟူဆောန်၊ကိုမာမောက်အာလောင်နန့် ဒေါ်အရော်မာ ရို့ ၃ ယောက်ကတော့ နိုဗမ်ဘာ ၁၄ ရက်နိညည့်က ယင်း ခမရ (၃၈၀) တပ်ရင်း ပစ်ခတ်လိုက်တေ လက်နက်ကြီးကျည်စွာ သူရို့တိ၏ အိမ်ထဲသို့ကျရောက်ပေါက်ကွဲပနာ သီဆုံးလားကတ်စွာပါ။
အလားတူ ယင်း မင်းပြားတမြို့နယ်တည်းမာပင် နိုဗမ်ဘာ ၁၄ ရက်နိကနီ ဒေနိအထိ နှစ်ပတ်နီးပါးအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ချေတိနန့် ရည်ရွယ်ချက်ဟိဟိပစ်ခတ်တိုက် ခိုက်မှုကြောင့် မြို့သစ်ရပ်ကွက်က ၆ ယောက်၊ ဥက္ကာပျံ ရပ်ကွက်က ၂ ယောက်၊ကျွန်းညိုရပ်ကွက်က ၁ ယောက်၊ ရွှီပြည်စိုးရပ်ကွက် က ၁ ယောက်၊ ဆင်ကြီးပြင်(မူဆလင်)ရွာက ၈ ယောက်၊ ဖဲသာပြင်ရွာက ၁ ယောက်၊ ဘူးပင်ရွာက ၂ယောက်၊ ဆင်ကြီးပြင် (ရခိုင်)ရွာက ၁ ယောက်၊ လက်ဝါးခတ်ရွာက ၁ ယောက် ၊ဘားဘူတောင်ရွာက ၂ ယောက်၊ စုစုပေါင်းဒေသခံပြည်သူ ၂၅ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရဟိခကတ်ပါရေ။
https://www.facebook.com/arakanprincessmedia1/posts/370520802039547