By Arakan Bay News / 2023 November 11
![](https://newsvsinformation.com/wp-content/uploads/2023/11/399807944_308393205380271_5972367454996666904_n.jpg)
ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့ပေါ်ရှိ ကမ္ဘာ့ရတနာဘဏ်ရှေ့တွင်အမျိုးသားတစ်ဦးလမ်းလျှောက်နေချိန်၌ ဆိုင်ကယ်သမားတစ်ဦးက နောက်မှဝင်တိုက်ပြီး မောင်းထွက်ပြေးသွားကြောင်း သိရသည်။
ဆိုင်ကယ်တိုက်ခံရသူမှ ပုဏ္ဏားကျွန်းမြို့ မြို့သစ်ရပ်ကွက်မှ အဖဦးမောင်ရွှေအေး၏သား အသက် ၄၇ အရွယ် ဦးဇော်ဝင်းဖြစ်သည်။
၎င်းသည် ယမန်နေ့ည ၇ နာရီတွင် အိမ်မှထွက်၍ လမ်းလျှာက်ချိန်၌ ဆိုင်ကယ်သမားတစ်ဦးမှ ကမ္ဘာ့ရတနာဘဏ်ရှေ့တွင် နောက်မှဝင်တိုက်၍ ထွက်ပြေးသွားကြောင်း သိရသည် ဟု PDYO အသင်းမှ ကိုမောင်မောင်သန်းက AB News သို့ပြောသည်။
“ဖြစ်တာက ဟိုင်းဝေးလမ်းမလည်းကျတယ်၊ ကမ္ဘာ့ရတနာဘဏ်ရှေ့လည်းဖြစ်တယ်၊ သူကတော့ အိမ်ကနေပြီးထွက်လာတယ်၊ လမ်းလျှောက်နေတဲ့အခါ ဆိုင်ကယ်သမားက နောက်ကဝင်တိုက်ပြီး ထွက်ပြေးသွားတယ် “ဟု ဆိုသည်။
အတိုက်ခံရသူတွင် ဦးခေါင်းကွဲသွားပြီး ခြေထောက် တဖက်လည်းကျိုးသွားသည်ဟု သိရပြီး လက်ရှိတွင် ပုဏ္ဏားကျွန်းမြို့ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရကြောင်း ၎င်း မှဆက်ပြောသည်။
” ခေါင်းကွဲသွားပါတယ်၊ ခြေကျိုးသွားတယ်လို့လည်း သိရပါတယ်၊ ကျနော်တို့ကားနဲ့ဆေးရုံကိုပို့ပေးလိုက်တယ်” ဟု ဆိုသည်။
ထွက်ပြေးသွားသည့် တရားခံကို ဖမ်းဆီးအရေးယူနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလအတွင်းကလည်း ပုဏ္ဏားကျွန်းမြို့နယ် ကျီတလင်းရွာမှ အမျိုးသားတစ်ဦး တောင်မှ ထင်းခုတ်၍ ဆင်းလာချိန် ဟိုင်းဝေးလမ်းမပေါ်မှ အိမ်စီးအဖြူကားတစ်စီးဝင်တိုက်၍ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
https://www.facebook.com/ArakanBayNewsMedia/posts/308393242046934