နိုင်ငံတကာတားမြစ်ထားတဲ့ဓာတုလက်နက် စစ်ကောင်စီသုံးစွဲဟုဆို

By VOW / 2023 November   25

ဓါတ်ပုံ— ညီနောင်မဟာမိတ်အဖွဲ့

စစ်ကောင်စီတပ်ဖွဲ့ဟာ နိုင်ငံတကာကတားမြစ်ထားတဲ့ ဓာတုလက်နက်တွေကိုလက်ရှိတိုက်ပွဲတွေမှာ အသုံးပြုနေတယ်လို့

နိုဝင်ဘာ ၂၄ ရက်နေ့က ညီနောင်မဟာမိတ်(၃)ဖွဲ့ ဖြစ်တဲ့ MNDAA၊ TNLA၊ AA တို့ကထုတ်ပြန်ထားပါတယ်။

အဲဒီထုတ်ပြန်ချက်ထဲမှာ ညီနောင်မဟာမိတ်(၃)ဖွဲ့ရဲ့ ရန်သူဖြစ်တဲ့ စစ်ကောင်စီတပ်ဟာသူတို့တပ်စခန်းတွေမကျရှုံးရေအ

တွက် နိုင်ငံတကာက တားမြစ်ထားတဲ့ ဓာတုလက်နက်တွေကို အသုံးပြုတိုက်ခိုက်ခဲ့ရတဲ့အထိ ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။

 “မိုင်းကျက်စခန်း”ကို ၁၀၂၇ စစ်ဆင်ရေးစတင်တဲ့နေကစပြီး ၂၈ ရက်တိတိကြာအောင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရပြီးမှ စခန်းသိမ်းတိုက်ပွဲအဖြစ် အောင်မြင်စွာ ဆင်နွှဲနိုင်ခဲ့တယ်လို့ဆိုပါတယ်။

လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ “မိုင်းကျက်စခန်း”ကို စစ်ကောင်စီက ပြန်လည်ရရှိဖို့အတွက် တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ ထပ်မံ

လာရောက်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

နိုဝင်ဘာ ၂၃ ရက်ည ၃ နာရီကျော်အချိန်ကကိုးကန့်တပ်မတော် (MNDAA) သိမ်းပိုက်ထားတဲ့ နမ့်စလပ်တောင်ကုန်းစခန်းထဲကို စစ်ကောင်စီတပ်က ဓာတု (အဆိပ်) ဗုံး (၄) လုံးနဲ့ လာရောက်ပစ်ခတ်ခဲ့တဲ့အတွက် တပ်ဖွဲ့ဝင်တချို့ အဆိပ်ငွေ့ရှူမိပြီး ခေါင်းမူးခြင်း အော့အန်တာတွေဖြစ်ခဲ့တယ်လို့ ညီနောင်မဟာမိတ် (၃)ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ညီနောင်မဟာမိတ်(၃)ဖွဲ့ရဲ့ လက်ရှိဖော်ဆောင်တဲ့ စစ်ဆင်ရေး ၂၉ ရက်မြောက်နေ့အတွင်းမှာ စစ်ကောင်စီရဲ့တပ်စခန်းပေါင်း (၁၇၁)ခုကို သိမ်းပိုက်နိုင်ခဲ့ပြီလို့ ဆိုပါတယ်။

https://www.facebook.com/VOW2ppl/posts/370558648689691

Leave a Reply

Your email address will not be published.