By VOW / 2023 November 27
ညီနောင်မဟာမိတ် (၃)ဖွဲ့ ဖြစ်တဲ့ MNDAA၊ + TNLAနဲ့ AA အဖွဲ့တို့ဟာ တိုက်ပွဲသတင်းများကို အချိန်နဲ့တပြေး ထုပ်ပြန်လာတာကို တွေ့ရပါတယ်။
ဒီနေ့ နိုဝင်ဘာ ၂၆ ရက် ၁၀ နာချိန်မှာလည်း အောက်ပါအတိုင်း ထုတ်ပြန်လာတာကို တွေ့ရပါတယ်။
၁၀၂၇ စစ်ဆင်ရေးအတွင်း မိမိတို့ညီနောင်မဟာမိတ် (၃) ဖွဲ့အနေနဲ့ ရန်သူရဲ့ မဟာဗျူဟာမြောက်တပ်စခန်း အကြီး၊ အငယ်တွေနဲ့ လက်နက်တိုက်တွေ အပါအဝင် ရှမ်းမြောက်ဒေသရှိ မြို့ကြီးအချို့ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ဆင်ရေးအရှိန် အဟုန်ကို ဆက်လက်မြှင့်တင်ကာ ဟန်ချက်ညီတိုက်ပွဲတွေကို ပူးပေါင်းဖော်ဆောင်နေသလို နောက်ထပ်မြို့သိမ်းတိုက်ပွဲတွေကိုလည်း ဆက်လက်ဆင်နွှဲနေတယ်လို့ ဆိုပါတယ်။
နိုဝင်ဘာလ ၂၆ ရက်မနက် ၅ နာရီ ၄၀ မိနစ် အချိန်လောက်မှာ တအာင်းပြည်နယ်၊ တပ်မဟာ (၂) စစ်ဒေသ၊ ကျောက်မဲမြို့နယ်၊ နောင်ပြစ်ကျေးရွာလမ်းခွဲမှာ တအာင်းတပ်မတော် (TNLA)နဲ့ စစ်ကောင်စီတပ်တို့ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲဖြစ်နေချိန်မှာ စစ်ကောင်စီတပ်က လက်နက်ကြီး အကြိမ် (၂၀) ပစ်ကူခဲ့တယ်လို့ ဆိုထားပါတယ်။
ဒီနေ့မနက် ၆ နာရီအချိန်လောက်ကစပြီး ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့အဝင် အေးရှားဝါးဂိတ် အနားမှာ တိုက်ပွဲပြင်းထန်ခဲ့ကြောင်းနဲ့ မနက် ၁၁ နာရီအချိန်လောက်မှာလည်း တအာင်းပြည်နယ်၊ တပ်မဟာ(၂) စစ်ဒေသ၊ နောင်ချိုမြို့နယ်၊ ရွှေညောင်ပင်ကျေးရွာဘက်မှ စစ်ကောင်စီတပ်က လက်နက်ကြီးရမ်းသန်းပစ်ခတ်မှုကြောင့် သုံးဆယ်ကျေးရွာ အတွင်းသို့ လက်နက်ကြီးကျရောက်ခဲ့ပြီး (၂) ဦးသေဆုံးကာ (၁) ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့တယ်လို့ ဆိုပါတယ်။
နောက်ပြီးတော့ ဒီနေ့မနက် ၁၁ နာရီကျော်အချိန်မှာ တအာင်းပြည်နယ်၊ တပ်မဟာ(၄)စစ်ဒေသ၊ လားရှိုးမြို့နယ်၊ သံလွင်ကျေးရွာနှင့် ဟိုတီးကျေးရွာကြားမှာ တအာင်းတပ်မတော် (TNLA)နဲ့ ကိုးကန့်တပ်မတော် (MNDAA) တို့ဟာ စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
(၅) ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၆) ရက်နေ့၊ နံနက် (၁း၁၀) အချိန်ခန့်တွင် တအာင်းပြည်နယ်၊ တပ်မဟာ(၁)စစ်ဒေသ၊ မူဆယ်မြို့နယ်၊ ဆိုင်ခေါင်ကျေးရွာနှင့် ကောင်ရာကျေးရွာကြား၌ တအာင်းတပ်မတော် (TNLA) နှင့် စစ်ကောင်စီတပ်တို့ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ တိုက်ပွဲဖြစ်နေစဉ် စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် (၁၂) ကြိမ် ပစ်ကူခဲ့သည်။
(၆) စစ်ဆင်ရေး (၁၃) ရက်မြောက်နေ့အဖြစ် ပလက်ဝတွင် ရန်သူစစ်ကောင်စီမှ အခိုင်အမာအခြေချထားသော “တရွန်အိုင်” ဗျူဟာနှင့် “နှုံးဘူး” ဗျူဟာနှစ်ခုကိုလည်း အပြီးသတ်သိမ်းပိုက်နိုင်ရေးအတွက် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတို့ကြား တိုက်ပွဲများ ပြင်းထန်လျက်ရှိပြီး ရန်သူသည် လေကြောင်းတိုက်ခိုက်မှုများဖြင့် ဆက်လက်ခုခံနေခဲ့သည်။
(၇) ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၆) ရက်နေ့၊ နေ့လယ် (၂း၃၀) အချိန်ခန့်တွင် တိုက်ပွဲတစ်စုံတစ်ရာဖြစ်ပွားခြင်းမရှိဘဲ ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ခမောင်းတောကျေးရွာနှင့် ရဲရိုးပြင်ကျေးရွာအား စစ်ကောင်စီမှ တမင်ရည်ရွယ်ကာ ဒရုန်းဖြင့်ဗုံးကြဲ တိုက်ခိုက်ခဲ့သဖြင့် ပြည်သူ (၂) ဦး ဒဏ်ရာရရှိခဲ့သည်။ ညနေ (၃:၃၀) နာရီအချိန်ခန့်ကလည်း ပေါက်တောမြို့အတွင်းသို့ စစ်ကောင်စီသည် တမင်တကာ ပစ်မှတ်ထား၍ ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် မြို့အတွင်း ပိတ်မိနေသော မြို့ခံ (၄) ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။
ဒီနေ့ နေ့လယ် (၂း၃၀) အချိန်ခန့်မှာ စစ်ကောင်စီ ရေတပ်မှ ရမ်းသန်းပစ်ခတ်လိုက် သော လက်နက်ကြီးကျည်ကြောင့် ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာ ဆိပ်ကမ်းမှာ ကမ်းကပ်ထားတဲ့ ဘုတ် (၁) စီး မီးလောင်ပျက်စီးခဲ့သလို ၎င်းရေတပ်သင်္ဘောမှ ကျောက်ဆိပ်ကျေးရွာနဲ့ နီးကန်တဲ့ ယိုးငူကျေးရွာအပါအဝင် တခြား အနီးအနား ကျေးရွာတွေကိုလည်း လက်နက်ကြီးနဲ့ တညနေလုံး အဆက်မပြတ် ရမ်းသန်းပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီနေ့ တစ်ရက်တည်းမှာ စစ်ကောင်စီဟာ ရှမ်းပြည်မြောက်ပိုင်းကျေးရွာအတွင်မှာရှိတဲ့ အရပ်သားပြည်သူတွေကို ဦးတည်ပစ်မှတ်ထားပြီး ဖျက်အားပြင်း ပေါင် (၅၀၀) ဗုံးနဲ့ (၂) ကြိမ်၊ လေကြောင်းဗုံးကြဲမှု (၇) ကြိမ်နဲ့ လက်နက်ကြီးနဲ့ (၂၃) ကြိမ် ထက်မနည်း တမင်တကာ ရမ်းသန်းပစ်ခတ်မှုကြောင့် မာန်အောင်၊ မန်နား၊ သာယာကုန်းနဲ့ မန်ဆက်ကျေးရွာအတွင်းမှာ ကျရောက်ပေါက်ကွဲခဲ့ပြီး (၁၇) နှစ်အရွယ်အမျိုးသမီး (၁) ဦး သေဆုံးခဲ့ပြီး (၆) ဦး ဒဏ်ရာ ရရှိခဲ့သလို မာန်အောင်တိုက်နယ်ဆေးရုံနဲ့ အရပ်သားနေအိမ် (၅) လုံးကို ထိမှန်ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။