ညီနောင်မဟာမိတ်(၃)ဖွဲ့၏ “၁၀၂၇ စစ်ဆင်းရေး”အား ဂုဏ်ပြုကြိုဆိုကြောင်း ဂျပန်အခြေစိုက် တိုင်းရင်းသားအဖွဲ့ ၉ ခုဖြင့် ဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသားများ အဖွဲ့အစည်း(AUN-Japan)က သဘောထားထုတ်ပြန်

By Narinjara / 2023 November     3

ညီနောင်မဟာမိတ် ၃ ဖွဲ့မှ ဆင်နွှဲနေသော “၁၀၂၇ စစ်ဆင်းရေး”အား ဂုဏ်ပြုကြိုဆိုကြောင်း ဂျပန်နိုင်ငံရှိ တိုင်းရင်းသားအဖွဲ့ ၉ ဖွဲ့ ဖြင့် ဖွဲ့စည်းထားသည့်  ညီညွတ်သောတိုင်းရင်းသားများ အဖွဲ့အစည်း(AUN-Japan) က နိုဝင်ဘာ ၂ ရက်နေ့၌ သဘောထား ထုတ်ပြန်သည်။

သဘောထားထုတ်ပြန်ချက်တွင် ပြည်သူလူထု တရပ်လုံးလိုလားချက်ဖြစ်သော စစ်အာဏာရှင်စနစ် အမြတ်ပြတ်ရေးနှင့် ပြည်သူ့အသက်အိုးအိမ် စည်းစိမ်ကာကွယ်နိုင်ရေး၊ မိမိနယ်မြေပိုမိုထိမ်းချုပ်နိုင်ရေး၊ စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မူ ဟန့်တားနိုင်ရေး၊ အွန်လိုင်းလောင်းကစားလိမ်လည်မူ ပပျောက်ရေးအတွက် စစ်ကောင်စီနှင့်ပြည်သူ့စစ်အဖွဲ့များကို နိမ်နင်းရေးစသည့် ရည်ရွယ်များဖြင့် မဟာဗျူဟာမြောက် ၁၀၂၇ စစ်ဆင်ရေး ဖေါ်ဆောင်မူအပေါ်မိမိတို့ ညီညွတ်သောတိုင်းရင်းသားများ အဖွဲ့အစည်း(AUN-Japan) မှ ဂုဏ်ပြုကြိုဆိုကြောင်း ဖော်ပြထားသည်။

၎င်းပြင် ညီနောင်မဟာမိတ်(၃)ဖွဲ့သည် တစ်ဖွဲ့၏ပြသနာသည်သုံးဖွဲ့စလုံး၏ ပြသနာ ဖြစ်သည်ဟူသော မူဝါဒဖြင့်တော်လှန်ရေးခရီးကြမ်းကို ဆယ်စုနှစ်တစ်ခုနီးပါး ဖြတ်သန်း ခဲ့သည့်အောင်မြင်မူများသည် တော်လှန်ရေးသမိုင်းတွင် စံနမူနာကောင်း တစ်ရပ်ဖြစ်ပါကြောင်း၊  ညီနောင်မဟာမိတ်(၃)ဖွဲ့၏ “၁၀၂၇”စစ်ဆင်ရေးတွင် ရန်သူတပ်စခန်းများနှင့် လက်နက်ခဲယမ်းများကို သိမ်းဆည်းပြီးအောင်ပွဲ အလီလီ ရရှိမူအပေါ် ဂုဏ်ယူဝမ်းမြောက်ကြောင်းနှင့်တိုက်ပွဲတိုင်းအောင်လံ လွှင့်ထူနိုင်ပါစေကြောင်း အလေးအနက် ဆန္ဒပြုပါကြောင်း ဖော်ပြထားသည်။

ဆက်လက်ပြီး ပြည်သူလူထု၏လိုလားချက်ဖြစ်သော စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး၊ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေး၊ လူမျိုးအသီးသီး ၏ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်ရရှိရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးတို့ အတွက် မိမိတို့ ညီညွတ်သောတိုင်းရင်းသားအဖွဲ့အစည်းမှလည်း ညီနောင်တိုင်းရင်းသား အဖွဲ့အစည်းများ၊ တော်လှန်ရေးအင်အားစုများနှင့် ဟန်ချက်ညီညီ လက်တွဲကာ ကြိုးစားလျှက်ရှိကြောင်းနှင့် ‘”၁၀၂၇”စစ်ဆင်ရေးကို ဂုဏ်ပြုကြိုဆိုထောက်ခံကြောင်း သဘောထားထုတ်ပြန်အပ်ပါသည်ဟု ပါရှိသည်။ 

https://www.facebook.com/narinjara.info/posts/734361032064362

Leave a Reply

Your email address will not be published.