စစ်ရေးပဋိပက္ခတွေကြား ထိန်းသိမ်းမှုကင်းမဲ့နေတဲ့ကိုးသောင်းပုထိုးတော်ကြီး

By Border News Agency / 2023 November   27

ရက္ခိုင်ဘုရင်တွေထီးနန်းစိုက်ခဲ့တဲ့မြောက်ဦးရှေး ဟောင်းယဥ်ကျေးမှုနယ်မြေရှိ ကိုးသောင်းပုထိုးတော်ကြီးဟာ စစ်ရေးပဋိပက္ခတွေကြား ထိန်းသိမ်းမှုကင်းမဲ့နေပါတယ်။

အဲဒီကိုးသောင်းပုထိုးတော်ဟာ မြောက်ဦးမြို့နန်း တော်ရာကုန်းရဲ့အရှေ့ဘက် တမိုင်ခွဲခန့်အကွာမှာတည်ရှိပြီး အေဒီ ၁၅၅၃-၁၅၅၆ ခုနှစ်အတွင်း ရက္ခိုင်ဘုရင်မင်းတိက္ခာတည်ထားခဲ့တာဖြစ်ပါတယ်။

အဲဒီပုထိုးတော်ကြီးကို မြောက်ဦးရှေး ဟောင်းသု တေသနဌာနက၁၉၉၆-ခုနှစ်မှာ ပြန်လည်တူးဖေါ်ခဲ့ပေမယ့် လက်ရှိမှာတော့ တချို့စေတီပုထိုးတော်မှာ နဂိုအတိုင်း ချုံနွယ်တွေဖုံးအုပ်နေဆဲဖြစ်ပါတယ်။

အဲဒီပုထိုးတော်ကြီးမှာဘုရားဆင်းထုတော်ကိုးသော င်းကိန်းဝပ်စံပယ်နေတာမို့ကိုးသောင်းဘုရားပုထိုးတော်ကြီးလို့အမည်တွင်တာဖြစ်ပါတယ်။

ရခိုင်မှာ စစ်ရေးပဋိပက္ခတွေပြင်းထန်နေတာမို့ရှေး ဟောင်းဘုရားပုထိုးစေတီတွေကိုပြုပြင်ထိန်းသိမ်းမှုတွေကင်းမဲ့နေသလိုဘုရားဖူးဧည့်သည်တွေလည်း လာရောက်မှုမရှိသလောက်နည်းပါးနေပါတယ်။

https://www.facebook.com/bordernewsagency/posts/367999802414857

Leave a Reply

Your email address will not be published.