စစ်တွေ မေယုဓမ္မစက္ခု ပရဟိတစစ်ဘေးရှောင်စခန်းကို မြန်မာစစ်တပ်က အင်အားအလုံးအရင်းနဲ့  ဝင်ရောက်မွှေနှောက်ပြီး စစ်ဘေးရှောင် ၃ ဦးကိုဖမ်းဆီးသွား 

 By Narinjara / 2023 November     19

ပုံစာ-  စစ်ဘေးရှောင်စခန်းနှင့် မြန်မာစစ်ကောင်စီ စစ်တပ်တပ်ဖွဲ့ဝင်များကို စစ်တွေတွင်တွေ့ရစဉ်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ မေယုဓမ္မစက္ခုပရဟိတစစ်ရှောင်စခန်းကို မြန်မာစစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့  ဝင်ရောက် မွှေနှောက်ပြီး စစ်ဘေးရှောင် ၃ ဦးကို ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ သတင်းရရှိပါတယ်။ 

နိုဝင်ဘာ ၁၈ ရက်၊ ည ၁၀ နာရီကျော်ခန့်က စစ်တပ်အင်အား ၁၀၀ ခန့်က ဘုန်းတော်ကြီးကျောင်းကို အပြင်က ဝိုင်းထားပြီး အင်အား  ၃၀ ခန့်က ကျောင်းထဲကို ဝင်ရောက်ကာ အကြမ်းဖက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာ ဖြစ်ပါတယ်။

ဖမ်းဆီး ခေါ်ဆောင်ခံရတဲ့ ဦးတင်မောင်၏ဇနီးဖြစ်သူက  “အခန်းနံရံတွေကို ဖိနပ်တွေနဲ့ ကန်ကျောက်ပြီး ထွက်ခဲ့ဆိုပြီးပြောတယ်။ မထွက်ရင် သတ်ပစ်မယ်‌ပြောတယ်။ ပြီးရင် ကျမယောက်ျားကိုဖမ်းသွားတယ်။ ကျမတစ်ညလုံးအိပ်မပျော်ဘူး။ ကျမသားအကြီးကို မေးတယ်။ သူမရှိတော့ အဖေကိုခေါ်သွားတာ” လို့ ပြောဆိုပါတယ်။

https://www.facebook.com/narinjara.info/posts/743227901177675

Leave a Reply

Your email address will not be published.