စစ်ကောင်စီလက်နက်ကြီးကြောင့် ဘူးသီးတောင်မြို့နယ်က (မူဆလင်) ကလေး ၂ ယောက်နဲ့ လူကြီးတစ်ယောက်သေဆုံး

By VOW / 2023 November   27

ဘူးသီးတောင်မြို့နယ်၊ စံလေညှင်းဝေအုပ်စု၊ ပြင်ရှည်(မူဆလင်)ရွာနားမှာ အခုညပိုင်း ၅ နာရီလောက်မှာ စစ်ကောင်စီတပ်ကပစ်လိုက်တဲ့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ကလေး ၂ ယောက်နဲ့ လူကြီးတစ်ယောက်သေဆုံးပြီး လူ ၅ ယောက် ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသွာသူတွေကတော့ ဆော်မီဟူလ္လာရဲ့သား အသက် ၈ နှစ်နဲ့  ရှောမီရဲ့ သမီး အဒူလ္လာ အသက် ၁၀ နှစ်အပါအဝင် အသက် ၆၀ အရွယ် ဟာဘေဇာ တို့ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“စစ်တပ်ကပစ်တဲ့ လက်နက်ကြီးကျလို့ အခုလိုဖြစ်တာပါ။ ဒဏ်ရတဲ့လူတွေကို ဆေးကုနေပါတယ်” လို့ အမည်လိုတဲ့ ဒေသခံတစ်ယောက်က ပြောပါတယ်။

ဒဏ်ရာရရှိသွားသူတွေကတော့ အသက် ၃၈ နှစ်ရွယ် ဆော်မီယူလ္လာ၊ အသက် ၂၈ နှစ်အရွယ် ဂျော်ဟာယော၊ အသက် ၁၉ နှစ်အရွယ် မူဇီဆမ်း၊ အသက် ၃၀ အရွယ် မီဇမ်းနဲ့ နူရူဇာမတ်တို့ ဖြစ်ကြတယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ ရမ်းသမ်းပစ်ခတ်မှုနဲ့ လူနေကျေးရွာတွေကို ရည်ရွက်ချက်ရှိရှိပစ်ခတ်မှုတွေကြောင့် ဘယ်လိုအချိန်တွေမှာ ဘာတွေဖြစ်လာမည်ကို  ဒေသကြောက်ရွံ့နေကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

https://www.facebook.com/VOW2ppl/posts/371974051881484

Leave a Reply

Your email address will not be published.