စစ်ကောင်စီတပ်ရိုက်နှက်စစ်ဆီးမှုကြောင့် ဘယ်ဖက်ညှပ်ရိုး အက်လားရေ မင်းပြားက ကိုညီညီအောင် နှစ်လကျော်ကြာရေအထိ ဆီးကုခွင့်မရသိမ့်

By Arakan Princess Media / 2023 November    4

စစ်ကောင်စီတပ်က ရက်ရက်စက်စက် ရိုက်နှက်စစ်ဆီးမှုကြောင့် ဘယ်ဖက်ညှပ်ရိုး အက်လားရေ မင်းပြားက ကိုညီညီအောင်စွာ လက်ဟိ နှစ်လကျော်ကြာလာရေအထိ ဆီးကုသခွင့်မရသိမ့်ကြောင်း သိရပါရေ။

ကိုညီညီအောင် (၃၆ နှစ်)ကို ကုန်ခရေ ၂၀၂၂ ခုနှစ်၊ စပ်တမ်ဘာ ၁၈ ရက်နိက မင်းပြားအခြီစိုက် စစ်ကောင်စီတပ် ခမရ (၃၇၉) တပ်ရင်းက ဖမ်းယူလားခပါရေ။

ယင်းနောက် ကိုညီညီအောင်ကို စစ်ကြောရီးမာ တလကျော်လောက် ထိန်းသိမ်းထားခပနာ ယင်းတပ်ရင်းက ဗိုလ်ကြီး ဌေးအောင် တရားလိုလုပ်လို့ ပုဒ်မ ၁၇ (၁) နန့် မင်းပြားမြို့နယ်တရားရုံးမာ တရားစွဲထားစွာပါ။

ကိုညီညီအောင်စွာ စစ်ကြောရီးကာလအတွင်း စစ်ကောင်စီတပ်က ရိုက်နှက်မိန်းမြန်းစစ်ဆီးမှုဒဏ်တိကြောင့် ဘယ်ဖက်ညှပ်ရိုးအက်လားပနာ နာကျင်ကိုက်ခဲရေ ဝေဒနာကို ခံစားနီရပြီးကေ၊ တခါတရီ အသက်ယှူကျပ်တေအပြင် အာရုံကြောအားနည်းရေ ရောဂါကိုပါ ခံစားနီရလို့ လက်ဟိမာအရေးပေါ်ဆီးကုသခွင့်ရဖို့ ကုန်ခရေ ဩဂတ်စ်လက မိသားစုဝင်တိက သက်ဆိုင်ရာသို့ တင်ပြထားကြောင်း မိသားစုဝင်တိက ပြောပါရေ။

ဆီးကုသခွင့်တင်ထားစွာ နှစ်လကျော်လောက်ကြာလာကေလည်း အဂုထိ ဆီးကုသခွင့်မရသိမ့်လို့ ဆိုပါရေ။

လက်ဟိမာ ကိုညီညီအောင်ကို မင်းပြားမြို့မရဲစခန်းမာ ထိန်းသိမ်းထားပြီးကေ ကုန်ခရေ အောက်တိုဘာ ၃၁ ရက်နိက ရုံးချိန်းထားခကေလည်း တရားသူကြီး ဦးမြတ်မင်းဟန်က အကြောင်းပြချက်မည်မည်ရရမဟိဘဲ လာဖို့နိုဗမ်ဘာ ၇ ရက်နိကို ရုံးချိန်းရွှိဆိုင်းထားကြောင်း သိရပါရေ။

https://www.facebook.com/arakanprincessmedia1/posts/359474699810824

Leave a Reply

Your email address will not be published.