စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ခန့် AA ထံသို့ အလင်းဝင်ရောက်သည့် အငြိုးကြောင့် ကျောက်တော် အပေါက်ဝ ကျေးရွာသို့ လက်နက်ကြီးဖြင့် ပစ်ခတ်၊ ကျေးရွာသား ၃ဦး သေဆုံး၊ အများအပြား ဒဏ်ရာရ

By Western News / 2023 November     13

ပုံစာ-စစ်ကောင်စီ ပစ်လိုက်သည့် လက်နက်ကြီးကြောင့် ရခိုင်ပြည် ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာ အမျိုးသမီးတစ်ဦး သေဆုံးခဲ့စဉ်။

ရခိုင်ပြည် ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရက္ခိုင့်တပ်တော် AA သို့ အလင်းဝင်ရောက်ပြီးနောက် ယင်း အငြိုးဖြင့် ကျေးရွာသို့ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ကျေးရွာသား ၃ဦး သေဆုံးခဲ့သည်။

ယနေ့ နိုဝင်ဘာ ၁၃ ရက်နေ့ ညနေပိုင်းအချိန်ခန့်မှ စတင်၍ စစ်ကောင်စီတပ်ရင်းတစ်ခုဖြစ်သည့် ကျောက်တော် ကန်စောက် ၅၃၉ တပ်ရင်းမှနေ၍ လက်နက်ကြီးကျည်များဖြင့် ပစ်ခတ်နေခြင်းဖြစ်ပြီး လက်နက်ကြီး ကျည်များမှာ အပေါက်ဝကျေးရွာသို့ ကျရောက်ကာ ထိခိုက်သေဆုံးမှုတို့ရှိနေခြင်းဖြစ်သည်။

အမည်မဖော်လိုသည် အပေါက်ဝ ကျေးရွာသားတစ်ဦးက “စစ်ကောင်စီက ပစ်လိုက်တဲ့ လက်က်နက်ကြီးကျည် ကျလို့ ၃ ဦးသေပါတယ်။ စစ်ကောင်စီတပ်ရင်း ကန်စောက် ၅၃၉ တပ်ရင်း ပစ်တာပါ။  ဒဏ်ရာရသူအများ အပြားရှိနေပါတယ် “ဟုပြောသည်။

သေဆုံးသွားသူများမှာ အသက် ၅၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦး၊ ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦးတို့ဖြစ်ပြီး လတ်တလော ဆေးရုံမရောက်သေးဘဲ ဒဏ်ရာရရှိထားသူ ၂ ဦးမှာ အသက် ၅၀ ကျော်အရွယ် ဦးသောကြာလှနှင့် အသက် ၄၀ ကျော်အရွယ် ဒေါ်မြအေးရီတို့ ဖြစ်ကြောင်းသိရသည်။

လက်ရှိတွင် ဒဏ်ရာရသူအများစုမှာ အပေါက်ဝဆေးရုံတွင်ဆေးကုသမှုခံနေကြပြီး ကျေးရွာသားအများအပြား မှာလည်း  စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် တိမ်းရှောင်သွားကြပြီဖြစ်သည်ဟု အပေါက်ဝဒေသခံ တစ်ဦးကပြောသည်။

“ရွာသားအများစုကတော့ ရှောင်သွားကြပါပြီ။ ဒဏ်ရာရသူတစ်ချို့ဆေးရုံမှာရှိတယ်။ အခုတော့ လက်နက်ကြီး ပစ်ခတ်တာတွေရပ်သွားပြီ။ လက်နက်ငယ်တွေတော့ နည်းနည်းကြားရသေးတယ်” ဟုပြောသည်။

ကျောက်တော်မြို့နယ် အပေါက်ဝရဲစခန်းကို ယနေ့ နိုဝင်ဘာ ၁၃ ရက် မွန်းလွဲပိုင်း ၁၁ နာရီဝန်းကျင်ခန့်တွင် ရက္ခိုင့်တပ်တော် AA မှသိမ်းပိုက်ခဲ့ပြီး တပ်စခန်းအတွင်းမှာ ရှိသည့် စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင်အားလုံး လက်နက်ချ အလင်းဝင်းခဲ့ခြင်းဖြစ်သည်။

လက်နက်ကြီးကျရောက်မှုကြောင့် အပေါက်ဝကျေးရွာတွင်သေဆုံး၊ ဒဏ်ရာရရှိမှုအပြင် မင်းပြားမြို့နယ် တွင်လည်း ယနေ့နံနက်ပိုင်းက စစ်ကောင်စီဖက်မှ ပစ်ခတ်သည့် လက်နက်ကြီးကျဉ်ကျရောက်မှုကြောင့် ဖေသာပြင်ကျေးရွာမှ ဒေသခံတစ်ဦးထိခိုက်သေဆုံးမှုရှိခဲ့သည်။

လက်နက်ကြီးကျဉ်များကျရောက်မှုကြောင့် ၃ ဦးသေဆုံးမှုရှိနေပြီး အများအပြားထိခိုက်ဒဏ်ရရထားမှုရှိကြောင်း ကျေးရွာဒေသခံများကပြောသည်။

စစ်ကောင်စီတပ်ရင်းတစ်ခုဖြစ်သည့် ကန်စောက် ၅၃၉ တပ်ရင်းမှနေ၍ လက်နက်ကြီးကျဉ်များကို ယနေ့ နိုဝင်ဘာ ၁၃ ရက်နေ့ ညနေပိုင်းအချိန်မှာစ၍ ညနေပိုင်းအထိ ပစ်ခတ်နေခြင်းဖြစ်ပြီးဖြစ်ကြောင်း ဒေသခံများ ပြောဆိုနေသည်။

ယနေ့ နိုဝင်ဘာလ ၁၃ ရက် ဒီနေ့နေ့လယ် ၁၂ နာရီခွဲတွင်  ရခိုင်ပြည် ကျောက်တော်မြို့နယ် အပေါက်ဝရွာရဲစခန်းက စခန်းမှူးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၃၀ ခန့်သည် ရက္ခိုင့်တပ်တော် AA ထံ လက်နက်ခဲယမ်းများနှင့် အတူ လက်နက်ချခဲ့ကြောင်း သိရသည်။

Western News-WN

https://www.facebook.com/westernnewsagency/posts/781101244029304

Leave a Reply

Your email address will not be published.