အသက် ၂၀ အရွယ်ကတည်းက ပြည်ပနိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်ရင်း လုပ်ငန်းခွင်ထဲမှာ မတော်တဆဖြစ်ပြီးတော့ ကိုအောင်မြတ်ထွန်းဟာ သူ့ရဲ့လက်နှစ်ဖက်လုံးကို ဆုံးရှုံးလိုက်ရပါတယ်။

By DMG / 2023 October             24

အသက် ၂၀ အရွယ်ကတည်းက ပြည်ပနိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်ရင်း လုပ်ငန်းခွင်ထဲမှာ မတော်တဆဖြစ်ပြီးတော့ ကိုအောင်မြတ်ထွန်းဟာ သူ့ရဲ့လက်နှစ်ဖက်လုံးကို ဆုံးရှုံးလိုက်ရပါတယ်။

အဲဒီအနေအထားနဲ့ ကိုအောင်မြတ်ထွန်းတစ်ယောက် နေရပ်ကိုပြန်လာတဲ့အချိန်မှာ ပတ်ဝန်းကျင်ရဲ့ အားပေးမှု၊ ကဲ့ရဲ့မှုတွေကို တပြိုင်တည်း ကြုံတွေ့ခဲ့ရပါတယ်။

လက်ရှိမှာ ကိုအောင်မြတ်ထွန်းဟာ လယ်ထွန်စက်ကို ကိုယ်တိုင်မောင်းနှင်ပြီး ခြေထောက်နဲ့ ကောက်စိုက်ရင်း လယ်ယာလုပ်ငန်းကို ကိုယ်တိုင်လုပ်ကိုင်နေပါတယ်။

သူ့ရဲ့ ကြက်မွေးမြူရေးလုပ်ငန်းအတွက်လည်း ကြက်စာတွေကို ကိုယ်တိုင်စက်လှေမောင်းပြီး သွားရောက်ဝယ်ယူနေပါတယ်။

ကိုအောင်မြတ်ထွန်းအကြောင်း အပြည့်အစုံကို တင်ဆက်ပေးလိုက်ပါတယ်။

https://www.facebook.com/watch/?v=322200877169215

Leave a Reply

Your email address will not be published.