အမ်းမှာ စစ်ကောင်စီတပ်ရဲ့လက်နက်ငယ်ထိမှန်ဒဏ် ရာရထားတဲ့ချင်းလူမျိုးတစ်ဦးကို စစ်ကောင်စီကနစ်နာကြေးမပေး

By Border News Agency / 2023 October   16

(ဓာတ်ပုံ-အမ်းမြို့ရှိအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်/BNA)

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့ နယ်ရှိ အမှတ်( ၃၇၃)ခြေ မြန်တပ်ရင်းရဲ့စက်ပစ်ကွ င်းမှလာရောက်ထိမှန်တဲ့ကျည်ကြောင့် ဒဏ်ရာရ ထားတဲ့ချင်းလူမျိုးတစ်ဦးကို စစ်ကောင်စီက လာရောက်မေးမြန်းတာတွေမရှိသလိုနစ်နာကြေးတွေလ ည်း မပေးဘူးလို့မိသားစုဝင်တွေနဲ့ဒေသခံတွေက အတည်ပြုပြောကြပါတယ်။

အဲဒီအမ်းမြို့နယ်၊ရွာသာယာကျေးရွာနေ၊ချင်းလူမျိုး ၊အသက် ၃၂ နှစ်အရွယ်၊ဦးစံကျော်ဟာ စစ်ကောင်စီရဲ့အမှတ် ၃၇၃ တပ်၊စက်ပစ်ကွင်းမှကိုက် ၂၀၀ ခန့်အကွာ ယာခင်းတဲထဲမှာရှိနေတုန် အောက်တိုဘာလ ၃ ရက်နေ့ကထိမှန်ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။

အဲဒီသေနတ်ပစ်ချက်ဟာ တဲထရံကိုဖောက်ပြီး ကျ ည်ထိပ်ဖူးဟာ ခါးဆစ်ရိုးထဲသို့ စိုက်ဝင်သွားတာမို့ အမ်းစစ်ဆေးရုံမှာ အရေးပေါ် ခွဲစိတ်ကုသမှုခံယူခဲ့ရပါတယ်။

“ခုချိန်ထိတော့ ခမရ ၃၇၃ တပ်က လာရောက်ကြည့်တာတို့၊ထောက်ပံ့ကြေး ပေးတာတို့ တစုံတရာမရှိသေးပါဘူး။”လို့ ဇနီးဖြစ်သူက Border News

Agency သို့ ပြောပါတယ်။

အဲဒီဦးစံကျော်တို့မိသားစုဟာ ဆင်းရဲနွမ်းပါးပြီးတောင်ယာလုပ်ကိုင်စားသောက်ကာအသက်မွေး ဝမ်းကျောင်းနေကြရသူတွေကို ဆေးဝါးကုသစာ ရိတ်တွေ၊နစ်နာကြေးတွေ၊အကူအညီတွေလိုချင်

တယ်လို့ တောင်းဆိုနေပါတယ်။

အဲဒီလာရောက်ထိမှန်တဲ့ကျည်ဟာ အမှတ် ၃၇၃ တ ပ်ရှိတပ်ဖွဲ့ဝင်တွေရဲ့အမျိုးသမီးတွေကို လက်နက်င ယ်ပစ်ခတ်မှုသင်ကြားပေးနေချိန်ပစ်ခတ်လေ့ကျင့်

ရာမှလာရောင်ထိမှန်တာလို့ အဲဒီသင်တန်းတက်ရော က်ခဲ့သူတွေက အတည်ပြုပြောကြပါတယ်။

”ခါးရိုးကြားကျည်ထိပ်ဖူးဝင်သွားတော့ ခါးကို ခွဲစိတ်ကုသထားရပါတယ်။ပြန်လည်သက်သာလာရင် တောင် အလုပ်ကြမ်းတွေမလုပ်နိုင်တော့ဘူးလို့ ဆရာဝန်က ပြောပါတယ်။ကျွန်မတို့က ဆင်း ရဲတော့ တောင်ယာပဲလုပ်တတ်တာလေ။” လို့ ဦးစံကျော်ရဲ့ဇနီးဖြစ်သူက ဆက်ပြောပါတယ်။

အဲဒီဖြစ်စဥ်အပေါ်အတည်ပြုမေးမြန်းဖို့ အမှတ် ၃၇၃ ခြေမြန်တပ်ရင်းမှတပ်ရေးဗိုလ်ကြီးကို Border News Agency က ဆက်သွယ်ချိန်မှာ သူရဲ့ဇနီးဖြစ်သူ ဒေါ်ဝင့်သီရိကျော်သာ လက်ခံဖြေကြားပါတယ်။

သူမကတော့အဲဒီနေ့ကလက်နက်ငယ်ပစ်ခတ်ခဲ့တာမှန်ပေမယ့် သူမတို့တပ်ကပစ်ခတ်လိုက်တဲ့ကျည် ဆန်၊ဟုတ်၊မဟုတ်ဆိုတာကို အတည်ပြုမပြောနိုင်ဘူးလို့ ပြန်လည်တုံ့ပြန်ပြောဆိုပါတယ်။

”အဲဒီနေ့က ကျွန်မတို့တပ်မှာ လက်နက်ငယ်ပစ်ခတ်လေ့ကျင့်ကြတယ်ဆိုတာက မှန်ပါတယ်။ဒါပေမယ့် ရခိုင်မှာလ က်နက်ကိုင်တာတပ်တစ်ခုတည်းရှိတာမှမဟုတ်တာ။ဘယ်ကကျည်ဆံလာမှန် မှန်းမှမသိတာ ။” လို့ အမှတ် ၃၇၃ ခြေ မြန်တပ်ရင်းမှ တပ်ရေးဗိုလ် ကြီးရဲ့ဇနီး ဖြစ်သူဒေါ်ဝင့်သီရိကျော်က ပြောပါတယ်။

ရခိုင်မှာ ရက္ခိုင့်တပ်တော်(AA)နဲ့စစ်ကောင်စီတပ်တို့ကြား နှစ်ဖက်နားလည်မှုနဲ့ယာယီအပစ်ရပ်ထားပေမယ့် စစ်ကောင်စီတပ်က စစ်ရေးလေ့ကျင့်တာ၊လက် နက်ရိက္ခာဖြည့်တင်းတာတွေပြု လုပ်နေတယ်လို့ ရခိုင်ပြည်သူတွေက ဆိုကြပါတယ်။

အဲဒီအပြင်စစ်ကောင်စီတပ်ဖွဲ့ဝင်မိသား စုဝင်တွေကိုလည်း အခြေခံစစ်ပညာသင်တန်းကို မတက်မနေရတက်ခိုင်းတာ၊လက်နက်ငယ်ပစ်ခတ်မှုတွေလေ့ကျင့်ခိုင်းတာ၊ကင်းစောင့်ခိုင်းတာ၊ရပ်ကွက်၊ကျေးရွာ တွေမှာ သတင်းစုံစမ်းထောက်လှမ်းခိုင်းတာတွေထိပြုလုပ်ကြဖို့အမိန့်ညွန်ကြားထားတယ်လို့ စစ်ကောင် စီတပ်ဖွဲ့ဝင်တွေရဲ့မိသားစုဝင်တွေက အတည်ပြုပြောကြပါတယ်။

https://www.facebook.com/bordernewsagency/posts/345321371349367

Leave a Reply

Your email address will not be published.