သမိုင်းဝင်သင်္ကျစ်တော်ဓာတ်စေတီကုန်းထက်မာ စစ်ကောင်စီတပ် တပ်စွဲထားမှုကို ဖယ်ယှားပီးဖို့ ဒေသခံတိ လိုလားနီ

By Arakan Princess Media / 2023 October    28

မြောက်ဦးမြို့နယ်က သမိုင်းဝင်သင်္ကျစ်တော်ဓာတ်စေတီတော်တည်ဟိရာ တောင်ကုန်းထက်မာ စစ်ကောင်စီတပ် တပ်စွဲထားမှုကို ဖယ်ယှားပီးဖို့ ဒေသခံတိလိုလားနီကတ်ပါရေ။

သင်္ကျစ်တော်ဓာတ်စေတီတော်စွာ မြောက်ဦးမြို့နယ်၊ ပေါက်တောပြင်ရွာ အနောက်ဖက်တောင်ကုန်းမာ တည်ဟိပြီး၊ ကုန်ခရေ ၂၀၁၉ ခုနှစ်ကစလို့ စေတီတော်တည်ဟိရေ ကုန်းထက်မာ စစ်ကောင်စီ တပ်မ(၅၅) လက်အောက်ခံ ခမရ(၅၄၃)တပ်ရင်းက လာရောက်တပ်စွဲနီရာယူထားစွာပါ။

ယင်းပိုင် စစ်ကောင်စီတပ်က တပ်စွဲထားလို့ဝါတွင်းကာလ ဘုရားဆီမီးပူဇော်ဖို့လည်း လားခွင့်မရ ဖြစ်နီကတ်တေပိုင် ဘုရားပုရဝုဏ်အတွင်း သန့်ယှင်းရီးမလုပ်နိုင်၊ စေတီပုထိုးကိုမွမ်းမံ ထိန်းသိမ်းစွာတိမလုပ်နိုင်ဘဲ ဖြစ်နီကတ်ရရေလို့ ဒေသခံတိက ပြောပါရေ။

ယင်းအပြင် နှစ်စဥ်နှစ်တိုင်း ဘုရားပွဲတော်ကျင်းပရေ သင်္ကျစ်တော်ဓာတ်စေတီတော် ဗုဒ္ဓပူဇနိယပွဲတော် မကျင်းပရစွာ ၄ နှစ်ကျော်ဟိယာလို့ ဆိုပါရေ။

ယင်းအပြင် စေတီတော်တည်ထားရေ ဘုရားကုန်းတလျှောက်မာလည်း စစ်ကောင်စီတပ်က မိုင်းကွင်းတိလုပ်ထားလို့ ဒေသခံအများစုစွာ တောင်ကုန်းနားကိုတောင် မကပ်ဝံ့ ဖြစ်နီကတ်ရကြောင်း သိရပါရေ။

သင်္ကျစ်တော်ဓာတ်စေ​တီတော် အပါအဝင် ရက္ခိုင်ပြည်ဟိ ရှေးဟောင်းသမိုင်းဝင် စေတီပုထိုးတည်ဟိရာ တောင်ကုန်းတိမာ အဂုအချိန်ထိ စစ်ကောင်စီတပ် တပ်စွဲထားစွာတိဟိနီသိမ့်ပြီးကေ ဒေသခံတိ လွတ်လပ်စွာ ဘုရားဖူးလားလာခွင့်မရ ဖြစ်နီကတ်တေအတွက် ဘုရားပုရဝုဏ်အတွင်း စစ်ကောင်စီတပ်တပ်စွဲနီရာယူထားမှုကို အယင်ဆုံး ဖယ်ယှားပီးဖို့ ဒေသခံပြည်သူတိက အလေးအနက် တောင်းဆိုနီကတ်ပါရေ။

https://www.facebook.com/arakanprincessmedia1/posts/355941933497434

Leave a Reply

Your email address will not be published.