လွတ်ရက်စေ့ ဘင်္ဂလာဒေ့ရှ်နိုင်ငံသား ၂၉ ဦးကို မြန်မာဘက်က လွှဲပြောင်း

By Narinjara / 2023 October     3

မြန်မာနိုင်ငံရှိ ထောင်များတွင် အကျဉ်းကျခံနေရသည့် လွတ်ရက်စေ့ဘင်္ဂလာဒေ့ရှ် နိုင်ငံသား ၂၉ ဦးကို စစ်ကောင်စီ မြန်မာနယ်ခြားစောင့်တပ်က ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ်သို့ ယနေ့ လွှဲပြောင်းပေးအပ်လိုက်ကြောင်း သိရှိရသည်။

ရခိုင်ပြည်နယ်အနောက်ဘက်နယ်စပ် မောင်တောမြို့တွင် ယနေ့ ပြုလုပ်သည့် နှစ်ဘက် နယ်ခြားစောင့်တပ် အစည်းအဝေး အပြီး တွင် ယခုကဲ့သို့ လွှဲပြောင်းလိုက်ခြင်း ဖြစ်သည်။

လွဲပြောင်းပေးလိုက်သည့် ဘင်္ဂလာဒေ့ချ်နိုင်ငံသားများထဲတွင် ကောစ့်ဘာဇား (ဖလောင်းချိတ်) ခရိုင်မှ ၂၃ ဦး၊ ဘင်ဒရော်ဘင်(ရွာတော်) ခရိုင်မှ ၄ ဦးနှင့် ရင်ဂါမာတီ(သက်ထောင်) ခရိုင်မှ ၂ ဦးတို့ပါ၀င်ပြီး သူတို့မှာ တရားမဝင်နယ်စပ် ဖြတ်ကျော်မှုကြောင်း မြန်မာဘက် တွင် ဖမ်းဆီးခံနေရသူများ ဖြစ်ကြောင်း Dhaka tribune သတင်းတွင် ဖော်ပြသည်။

ယနေ့ ကျင်းပသည့် နှစ်နိုင်ငံ နယ်ခြားစောင့်တပ် အစည်းအဝေးကို တက်ကနက်အခြေစိုက် အမှတ် (၂) နယ်ခြားစောင့်တပ်မှ အရာရှိ မိုဟိုဒိန်အာဟာမတ် ဦးဆောင်သည့် အဖွဲ့ဝင် ၁၀ ဦးနှင့် မြန်မာ အမှတ် (၂) နယ်ခြားစောင့်တပ်မှ အရာရှိတို့ ဦးဆောင်သည့် အဖွဲ့တို့ တက်ရောက်ခဲ့ခြင်းဖြစ်သည်။

စစ်တွေရှိ ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန် Zakir Ahmed လည်း အဆိုပါ အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။

လွန်ခဲ့သည့် စက်တင်ဘာလ ၂၇ ရက်နေ့က မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလာသံအမတ်နှင့် စစ်ကောင်စီ ပြည်ထဲရေး၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်တို့ နေပြည်တော်တွင့် တွေ့ဆုံစဉ် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများကို လွှဲပြောင်းရန် ဆွေးနွေးခဲ့ပြီးနောက် ယခုကဲ့သို့ လွှဲပြောင်းမှု ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

အလားတူ ဘင်္ဂလား မြန်မာနယ်ခြားစောင့်တပ်မှူးအဆင့် အစည်းအဝေးကို စက်တင်ဘာလ ၁၀ ရက်နေ့ နံနက် ပိုင်းကလည်း ဘင်ဒရော်ဘင်ခရိုင် နတ်ကျောက်ဆိုးရီမြို့နယ် တောင်ပြိုမြို့နယ်အနီး ဘင်္ဂလား မြန်မာ ချစ်ကြည် ရေး တံတားအနီးတွင် ကျင်းပခဲ့ပြီး နယ်စပ်တည်ငြိမ်အေးချမ်းရေး၊ နယ်စပ်ဖြစ်ပွားသည့် မည့်သည့်ကိစ္စကိုမဆို နှစ်ဘက်ဆက်သွယ် ဖြေရှင်းရေး ကိစ္စများကို ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

https://www.facebook.com/narinjara.info/posts/715659920601140

Leave a Reply

Your email address will not be published.