By Arakan Princess Media / 2023 October 7

ကချင်ပြည်၊ ကချင်လွတ်လပ်ရီးတပ်မတော် (KIA) ဌာနချုပ်တည်ရာလိုင်ဇာမြို့ဝန်းကျင်ဟိ ရက္ခိုင့်တပ်တော် AA တပ်စခန်းတိကို မြန်မာစစ်တပ်က လက်နက်ကြီးနန့် နိတိုင်းပိုင် ပစ်ခတ်တိုက်ခိုက်နီကြောင်း ဒေသခံပြည်သူတိကပြောပါရေ။
မြန်မာစစ်တပ်စွာ KIA အပါအဝင် K-PDF တိနန့် တိုက်ပွဲတိဖြစ်ပွားနီပြီးကေ တချိန်တည်းမာစစ်ရီးအမြတ်ထုတ်တေအနီနန့် လိုင်ဇာဟိ AA တပ်စခန်းတိကို ခါယာတောင်ကနီလက်နက်ကြီးနန့် နိတိုင်းပစ်ခတ်တိုက်ခိုက်နီစွာဖြစ်ပါရေ။
ဒေနိ(အောက်တိုဘာ ၇ ရက်နိ)နိခင်း ၁၁ နာရီကလည်း ခါယာတောင်မြန်မာစစ်စခန်းကပစ်လိုက်တေ လက်နက်ကြီးကျည်တလုံးစွာ လိုင်ဇာမြို့၊မုန်လိုင်ခတ်ဟိ AA တပ်စခန်း အနားပတ်ဝန်းကျင်မာ ကျရောက်ပေါက်ကွဲခရေလို့ ဒေသခံတိက ဆိုပါရေ။
အလားတူ အောက်တိုဘာ ၆ ရက်နိ ညည့် ၁၀ နာရီကျော်ကလည်း ခါယာတောင်ဟိ မြန်မာစစ်တပ်က လက်နက်ကြီးတိနန့် ပစ်ခတ်ခပြီးကေ မုန်လိုင်ခတ်ဟိ AA တပ်စခန်းဝန်းကျင်မာ ကျရောက်ပေါက်ကွဲခပါသိမ့်ရေ။
ယင်းလက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် ရက္ခိုင့်တပ်တော် AA ဖက်က တစုံတရာထိခိုက်ဒဏ်ရာရစွာတော့ မဟိခလို့သိရပါရေ။
အလားတူ စပ်တမ်ဘာ ၂၉ နန့် ၂၈ ရက်နိတိကလည်း မြန်မာစစ်တပ်၏ ခါယာတောင်စစ်စခန်းတိကနီလို့ မုန်လိုင်ခတ်ဟိ AAတပ်စခန်းတိကို ပစ်ခတ်ရာလက်နက်ကြီးကျည်တိ တပ်စခန်းဧရိယာအတွင်းကျရောက်ပေါက်ကွဲခပါသိမ့်ရေ။
စပ်တမ်ဘာ ၂၈ ရက်နိပစ်ခတ်မှုမာတော့ AAဖက်က ဗိုလ်ကြီးတယောက်ကျဆုံးခပနာ တပ်ဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာရလားခရပါရေ။
ယင်းသို့ AA တပ်စခန်းတိကို မြန်မာစစ်တပ်က တသိတမင်ရည်ရွယ်ချက်ဟိဟိ လက်နက်ကြီးတိနန့် ပစ်ခတ်တိုက် ခိုက်နီမှုနန့်ပတ်သက်လို့ ရက္ခိုင့် တပ်တော်ဖက်က လိုအပ်တေပိုင် တုံ့ပြန်လားဖို့လို့ ပြောဆိုထားပါရေ။
https://www.facebook.com/arakanprincessmedia1/posts/344172404674387