လိုင်ဇာမြို့နားကို စစ်ကောင်စီက လီကြောင်းတိုက်ခိုက်မှုပြုလုပ်နီ

By Arakan Princess Media / 2023 October    31

ကချင်လွတ်လပ်ရီးတပ်မတော် KIA ဌာနချုပ် လိုင်ဌာမြို့အနားကို ဒေနိ(အောက်တိုလာ ၃၁ ရက်နိ) နိခင်းပိုင်းမာ စစ်ကောင်တပ်က လီကြောင်းတိုက်ခိုက်မှု ပြုလုပ်ခကြောင်း ညီနောင်မဟာမိတ် (၃) ဖွဲ့က သတင်းထုတ်ပြန်ပါရေ။

ဒေနိ နိခင်း ၂ နာရီခွဲလောက်ကစပနာ လိုင်ဇာမြို့အနား၊ အလန့်ဘွမ်တောင်ဖက်ကို စစ်ကောင်စီတပ်က တိုက်လီယာဉ်နန့် (၃) ကြိမ်ထက်မနည်း လီကြောင်းတိုက်ခိုက်မှုပြုလုပ်ခရေလို့ ဆိုပါရေ။

ဒေနိမိုးထပိုင်းကလည်း ကချင်ပြည်အခြီစိုက် ခါယာတောင်စစ်ကောင်စီတပ်စခန်းက လိုင်ဇာမြို့အနားပတ်ဝန်းကျင်ကို လက်နက်ကြီးတိနန့် ပစ်ခတ်နီကြောင်း ညီနောင်မဟာမိတ်(၃) ဖွဲ့က ထုတ်ပြန်ခပါသိမ့်ရေ။

ယင်းလက်နက်ကြီးကျည်တိစွာ လိုင်ဇာဟိ ရက္ခိုင့်တပ်တော် (Arakan Army – AA) တပ်စခန်းတိဟိရေနီရာပတ်ဝန်းကျင်အပါအဝင် အောက်တိုဘာ ၉ ရက်နိက လက်နက်ကြီးကျရောက်ပေါက်ကွဲခရေ မုန်လိုင်ခတ် ပတ်ဝန်းကျင်နီရာတိသို့ ကျရောက်ပေါက်ကွဲခကြောင်း သိဟိရပါရေ။

https://www.facebook.com/arakanprincessmedia1/posts/357479686676992

Leave a Reply

Your email address will not be published.