By Western News / 2023 October 30

ရက္ခိုင့်တပ်တော် AA ပါဝင်သည့် မြောက်ပိုင်းမဟာမိတ်အဖွဲ့များနှင့် တော်လှန်းရေး တပ်ပေါင်းစုများက ရှမ်းပြည်၊ မြောက်ပိုင်းတွင် သိန္နီရဲစခန်း အပါအဝင် စစ်ကောင်စီတပ်စခန်းများကို အောက်တိုဘာလ ၂၉ ရက်နေ့တွင် သိမ်းပိုက် ရရှိခဲ့ကြောင်း သတင်းထုတ်ပြန်သည်။
အောက်တိုဘာလ ၂၉ ရက်နေ့ ၁၀၂၇ စစ်ဆင်ရေး တတိယနေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ သိန္နီမြို့ရဲစခန်း၊ စစ်ကောင်စီတပ်စခန်းများ၊ ဗျူဟာကျသော တောင်ကုန်းများ ဆက်တိုက် သိမ်းပိုက်ခဲ့ကြောင်း MNDAA က ယနေ့ အောက်တိုဘာ ၃၀ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။
အဆိုပါ စခန်းသိမ်းတိုက်ပွဲများတွင် စစ်ကောင်စီ၏ လက်နက်ခဲယမ်း အများအပြားရရှိပြီး အရာရှိများ အပါအဝင် စစ်သား အလောင်းများ၊ စစ်သုံ့ပန်းများ ဖမ်းဆီးရရှိကြောင်း MNDAA က သတင်းထုတ်ပြန်ထားသည်။
ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ၁၀၂၇ စစ်ဆင်ရေး ၃ ရက်အတွင်း အောက်တိုဘာ ၂၇ ရက်မှ ၂၉ ရက်အထိ သုံးရက်တာကာလအတွင်း အနည်းဆုံး ခံတပ် ၆၇ ခုကို သိမ်းပိုက်နိုင်ခဲ့ ကိုးကန့်ဘက်က အောက်တိုဘာ ၂၉ ရက်နေ့ တရားဝင် သတင်းထုတ်ပြန်သည်။
https://www.facebook.com/westernnewsagency/posts/772737178199044