ရသေ့တောင်မြို့နယ်၊စေတီပြင်စစ်ဘေးရှောင်စခန်းမှာ အကူအညီတွေလိုအပ်နေ

By Border News Agency / 2023 October   5

(ဓာတ်ပုံ-စေတီပြင်စစ်ဘေးရှောင်စခန်း/BNA

ရသေ့တောင်မြို့နယ်၊စေတီပြင်စစ်ဘေးရှောင်စခန်းမှာ အကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။

အဲဒီစစ်ဘေးရှောင်စခန်းမှာခြင်တွေတအားကိုက်တာမို့ ​ကလေးတွေနဲ့သက် ကြီးရွယ်အိုတွေနေမကော င်းဖြစ်နေကြတယ်လို့ ဆိုကြပါတယ်။

အဲဒါကြောင့်ခြင်ထောင်အပါအဝင်ဆေးဝါးအကူအ ညီတွေလည်းလိုအပ်နေကြတာလို့ ဆိုကြပါတယ်။

“မိုခါမုန်တိုင်းတိုက်ပြီးကတည်းက ခြင်ထောင်တွေ၊စောင်တွေ အကုန်လုံးပါသွားတာ။ခုခြင်ထောင်လ ည်းမရှိဘူး၊စောင်လည်းမရှိဘူးဖြစ်နေပါတယ်။က လေးတွေ၊လူကြီးတွေလည်းနေမကောင်းဖြစ်နေကြတယ်။ခြင်ကိုက်လို့။”လို့ စစ်ဘေးရှောင်တစ်ဦးဖြစ်သူဦးမောင်ကျော်က ပြောပါတယ်။

ရခိုင်မှာ မိုခါမုန်တိုင်းအလွန် စစ်ဘေးရှောင်စခန်းတွေမှာ နေအိမ်အမိုးအကာတွေ၊စားဝတ်နေရေးအပြ င်ကျန်းမာရေးစောင့်ရှောင့်မှုတွေလည်း အပြည့်အဝမရကြဘူးလို့ စစ်ဘေးရှောင်တွေကဆိုကြပါတယ်။

ရခိုင်က စစ်ဘေးရှောင်တွေဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူ အညီတွေမရကြတာမို့ အခက်အခဲပေါ င်းစုံနဲ့ရင်ဆိုင်နေကြရတယ်လို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။

“ကျမတို့မှာရှိတဲ့ခြင်ထောင်၊စောင်တွေ လေမုန်တိုင်းနဲ့ပါသွားလို့မရှိတော့ဘူး။ခြင်ထောင်တစ်လုံးကိုနှစ်သောင်းကျော်သုံးသောင်းပေးနေရတယ်။ဝယ်ဖို့ကလည်းဘယ်လိုမှအဆင်မပြေဘူး။အဖွဲ့အ စည်းတွေက ခြင်ထောင်၊စောင်တွေအကူအညီတွေလိုချင်ပါတယ်”။လို့ စစ်ဘေးရှောင်စခန်းအမျိုးသမီးတစ်ဦးက ပြောပါတယ်။

အဲဒီစစ်ဘေးရှောင်စခန်းမှာ အိမ်ထောင်စု ၂၃၈ စု၊မ ၅၈၉ ဦး၊ကျား ၄၆၄ ဦး၊လူဦးရေ ၁၀၅၃ ဦးရှိကြပါတယ်။

ရခိုင်မှာ ရက္ခိုင့်​တပ်တော်(AA)နဲ့စစ်ကောင်စီတပ်တို့ကြား နှစ်ဖက်အပစ်ရပ်ထားပေမယ့် စစ်ဘေးရှောင်တွေဟာ လူသားချင်းစာနာထောက်ထားမှုအကူအ ညီတွေအပြည့်အဝမရကြဘူးလို့ ဆိုကြပါတယ်။

https://www.facebook.com/bordernewsagency/posts/338902168657954

Leave a Reply

Your email address will not be published.