By Border News Agency / 2023 October 8

ရန်ကုန်တိုင်း၊တာမွေမြို့နယ်ရှိ 29 ရွှေဆိုင်မှ မတ ရားစွပ်စွဲဖမ်းဆီးအမှုဖွင့်ခံထားရတဲ့ ရခိုင်အမျိုး သ မီးတစ်ဦးရဲ့မြောက်ဥက္ကလာပမြို့နယ်၊အမှတ် ၂ ရပ်ကွက်ရှိ မိဘနေအိမ်ကို အောက်တိုဘာလ ၈ ရက်၊ဒီနေ့ညနေ ၅ နာရီကျော်အချိန်ခန့်က ရဲတပ်ဖွဲ့ဝင်တွေနဲ့ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့လာရောက်ချိတ်ပိတ်သွားသလိုပစ္စည်းတချို့ကိုလည်း သိမ်း ယူသွားတယ်လို့ ရပ်ကွက်နေပြည်သူတွေက အတည်ပြုပြောကြပါတယ်။
”ရဲတွေ၊စရဖတွေ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေလာပြီးချိတ်ပိတ်သွားတာပါ။ပစ္စည်းတချို့ကိုလည်း သိမ်းယူသွားကြပါတယ်။ခုတော့ ကလေးတွေနဲ့နေစရာမရှိလို့ ဘယ်ရောက်သွားလဲမသိပါဘူး။”လို့ ရပ်ကွက်နေပြည်သူတစ်ဦးက Border News Agency သို့ ပြောပါတယ်။
အဲဒီလိုမတရားဖမ်းဆီးတရားစွဲဆိုခံထားရသူမှာ မြေပုံမြို့နယ်၊သရက်တောင်ကျေးရွာက အသက် ၂၇ နှစ်အရွယ်၊အမျိုးသမီးတစ်ဦး ဖြစ်ပါတယ်။
သူမဟာ တာမွေမြို့နယ်ဦးချစ်မောင်လမ်းရှိ 29 ရွှေဆိုင်ရဲ့ပစ္စည်းလက်ခံရေးဌာနမှာ အလုပ်လုပ်နေတာလေးလခန့်သာရှိသေးပြီးအဲဒီဆိုင်ကကာ လတန်ဖိုး သိန်း ၁၉၀၀ ခန့်ရှိရွှေထည်ပစ္စည်းတွေကို ခိုးယူခဲ့တယ်လို့ ဆိုင်ပိုင်ရှင်တွေကို စွပ်စွဲထားတာဖြစ်ပါတယ်။
အဲဒါကြောင့်သူမကို တာမွေရဲစခန်းမှာရာဇသတ်ကြီးပုဒ်မ ၃၈၁နဲ့အမှုဖွင့်တရားစွဲဆိုထားသလိုပြီးခဲ့တဲ့အောက်တို ဘာလ ၅ ရက်နေ့က တာမွေမြို့နယ်တ ရားရုံးမှာရမန်ရယူခဲ့ပါတယ်။
”29 ရွှေဆိုင်က တာမွေရဲစခန်းမှာအဖွင့်ဖွင့်ထားတာအများဆုံးပဲ။ခုလည်း ဆိုင်ပိုင်ရှင်တွေကဖိအားပေးလို့ရဲတွေကလုပ်နေရတာ။ပိုင်ရှင်တွေထဲမှာစစ်တပ်ကအရာရှိတွေလည်းပါနေတယ်။” လို့ ရဲအရာရှိတစ်ဦးက Border News agency သို့ ပြောပါတယ်။
အဲဒီ29 ရွှေဆိုင်ဟာ သူ့ဆိုင်ကဝန်ထမ်းတွေကို အဲဒီလိုမျိုးမတရားစွပ်စွဲတရားစွဲဆိုထားတာအမှုပေါင်းတစ်ရာကျော်ထိရှိနေပြီးရွှေသုံးရွေးသားကနေ ၁၇ပိဿထိခိုးယူခဲ့ကြတယ်လို့ မတရားစွပ်စွဲအမှုဖွင့်ထားတာလို့ တာမွေရဲအသိုင်းအဝိုင်းနဲ့တာမွေတရားရုံးအသိုင်းအဝိုင်းက အတည်ပြုပြောကြပါတယ်။
အဲဒီကိစ္စတွေကို 29 ရွှေဆိုင်ဖက်သို့ Border News Agency က ဆက်သွယ်မေးမြန်းခဲ့ပေမယ့်ဖုန်းလက် ခံဖြေကြားတာမရှိသေးပါဘူး။
အဲဒီ 29 ရွှေဆိုင်ရဲ့ဖိအားပေးခိုင်းစေမှုတွေကြောင့် လာရောက်ချိတ်ပိတ်လာကြတဲ့ရဲတပ်ဖွဲ့ဝင်တွေဟာ မိသားစုဝင်တွေက မီဒီယာတွေ၊အဖွဲ့အစည်းတွေကို ပြောဆိုတိုင်းတန်းတာမို့ခုလိုလာရောက်ပြုလုပ်တာလို့ ပြောဆိုခဲ့တယ်လို့လည်း ရဲတပ်ဖွဲ့ဝင်တွေက ဆိုကြပါတယ်။
အဲဒီ29 ရွှေဆိုင်ဟာ သူတို့ဝန်ထမ်းတွေကို အဲဒီရွှေဆိုင်ရဲ့အချုပ်ခန်းထဲမှာ လနဲ့ချီပြီးဖမ်းဆီးစစ် ဆေးခြိမ်းခြောက်မှုတွေပြုလုပ်ခဲ့သလိုအစာရေ စာပုံမှန်မကျွေးတာ၊အမျိုးသမီးအခွင့်အရေး၊လူ့အခွင့်အရေးချိုးဖောက်မှုတွေပြုလုပ်ခဲ့တယ်လို့လည်း ရွှေဆိုင်ဝန်ထမ်းတွေက အတည်ပြုပြောကြပါတယ်။
https://www.facebook.com/bordernewsagency/posts/340785888469582