ရခိုင်ရှိ စစ်ကောင်စီတပ်နေရာအားလုံးမှာ ကတုတ် ကျင်းတွေ အသစ်တူးနေ

By Border News Agency / 2023 October   27

(ဓာတ်ပုံ-စစ်တွေ-ရန်ကုန်ကားလမ်းဘေး ကျောက်တော်မြို့အဝင်နားရှိစစ်ကောင်စီစစ်ဆေးရေးဂိတ်တစ်ခု/BNA)

ရခိုင်ရှိ စစ်ကောင်စီတပ်နေရာအားလုံးမှာကတုတ် ကျင်းတွေ အသစ်တူးနေကြတယ်လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့မိသားစု

ဝင်တွေက အတည်ပြုပြောကြပါတယ်။

အဲဒီစစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်တွေ၊တပ်စခ န်းတွေ၊အထိုင်စခန်းတွေနဲ့တပ်ရင်း၊တပ်မတွေမှာ အရင်ကတည်းက စစ်ဖက်သုံးကတုတ်ကျင်းတွေအဆ င်သင့်ရှိနေတယ်လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုကြပါတယ်။

ဒါပေမယ့် ဒီနေ့တော့အသစ်ထပ်မံပြီးနောက်ထပ်တူးခိုင်းနေသလို အုတ်တွေ၊ကျောက်တွေနဲအခိုင်အမာ ပြုလုပ်ထားခိုင်းတယ်လို့လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့မိသားစုဝင်တွေက ဆိုကြပါတယ်။

”ရခိုင်မှာ အရင်ကတည်းက နေရာအားလုံးမှာအဆင်သင့်ရှိပြီးသားပဲ။ခုကအားလုံးသူအတွက်အသစ်ထပ်တူးခိုင်းတာ။မိသားစုဝင်တွေအတွက်လည်းပါတာပေါ့။အဓိကတပ်ရင်းတွေ၊စခန်းတွေကိုအတိုက်ခံ ရရင်ခံစစ်ခိုင်မာအောင်ပေါ့။”လို့ မောင်တောခရိုင်မှနယ်ခြားစောင့်တပ်ဖွဲ့ဝင်တစ်ဦးက Border News Agency သို့ပြောပါတယ်။

ရခိုင်မှာ ရက္ခိုင့်တပ်တော်(AA)နဲ့စစ်ကောင်စီတပ်တို့ကြား နှစ်ဖက်နားလည်မှုနဲ့ယာယီအပစ်ရပ်ထားပေမယ့် စစ်ကောင်စီက စစ်ရေးပြင်ဆင်လှုပ်ရှားမှုတွေ ပြုလုပ်နေတယ်လို့ ရခိုင်ပြည်သူတွေက ဆိုကြပါတယ်။

အဲဒီအပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်မိသားစုဝင်အား လုံးကိုလည်း အခြေခံစစ်ပညာတွေမဖြစ်မနေတက်ခိုင်းထားသလိုလက်နက်ပစ်ခတ်လေ့ကျင့်မှုတွေကိုလည်း သင်ကြားလေ့ကျင့်ထားပြီလို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့မိသားစုဝင်တွေက ဆိုကြပါတယ်။

နောက်ထပ်ကတုတ်ကျင်းအသစ်တွေကိုပါထပ်မံတူးပြီးခံစစ်ပြင်ဆင်မှုတွေကိုပြုလုပ်ခိုင်းနေတာဟာ စစ် ပွဲအတွက်​ကြိုတင်ပြင်ဆင်မှုတွေလို့ ရခိုင်ပြည်သူတွေက ဆိုကြပါတယ်။

”ဒီနေ့ စစ်တွေ၊ပုဏ္ဏားကျွန်း၊ကျောက်တော်က စစ် ဆေးရေးဂိတ်၊တပ်စခန်း၊တပ်ရင်းတွေမှာ ကတုတ် ကျင်းအသစ်တူးနေတာတွေကိုမြင်ရပါတယ်။စစ်ပွဲ

အတွက်ကြိုတင်ပြင်ဆင်နေတာလို့မြင်ပါတယ်။”လို့ ခရီးသွားရခိုင်ပြည်သူတစ်ဦးက သူမြင်တွေ့ခဲ့ရတာတွေကို ပြောပါတယ်။

ရက္ခိုင့်တပ်တော်(AA)ပါဝင်တဲ့ညီနောင်မဟာမိတ်သုံးဖွဲ့က ”၁၀၂၇ စစ်ဆင်ရေး”လို့ အမည်ပေးထားတဲ့မြို့သိမ်းစစ်ဆင် ရေးကိုစတင်နေပြီဖြစ်ကြောင့် အောက် တိုဘာလ ၂၇ ရက်၊ဒီနေ့ကြေညာပါတယ်။

https://www.facebook.com/bordernewsagency/posts/351959514018886

Leave a Reply

Your email address will not be published.