By Border News Agency / 2023 October 15

ရခိုင်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထွက်ပြေးနေကြတာမို့ စစ်တပ်မှအရာရှိတွေအရေးယူခံနေကြရတယ်လို့ စစ်ကောင်စီတပ်အရာရှိတွေက အတည်ပြုပြောကြပါတယ်။
အဲဒီလိုထွက်ပြေးနေကြတာမှာမောင်တောနယ်စပ်မှအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာအမ်းမြို့ရှိစစ်ကောင်စီတပ်ရင်းတွေထိပါဝင်တယ်လို့လည်း
ဆိုကြပါတယ်။
”အမ်းမှာ အခု စစ်ပြေးတွေတော်တော် များနေတယ်။တပ်နယ်မှူးနဲ့ခရိုင်ကောင် စီဝင်လုပ်ခဲ့တဲ့ အမှတ်(၈) ဆက်သွယ်ရေးတပ်ရင်းမှူး၊ဒုတိယဗိုလ်မှူးကြီးတစ်ဦးလည်း နပခမှာဖမ်းဆီးခံထားပါတယ်။”လို့ အနော က်ပိုင်းတိုင်းစစ်ဌာနချုပ်တ ည်ရှိရာ၊အမ်းမြို့ရှိတပ် နယ်မှူးရုံးမှအရာရှိတစ်ဦးက BNA သို့ပြောပါတယ်။
ရခိုင်မှာ ရက္ခိုင့်တပ်တော်(AA)နဲ့စစ်ကောင်စီတပ်တို့ကြား နှစ်ဖက်နားလည် မှုအပစ်ရပ်ထားကြပေမယ့်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထွက်ပြေးနေကြတာတွေလည်းရှိနေတယ်လို့ တပ်ဖွဲ့ဝင်တွေ၊နီးစပ်သူတွေက ဆိုကြပါတယ်။
အဲဒီလိုထွက်ပြေးနေကြတာဟာ တပ်တွင်းစည်းက မ်းတင်းကြပ်မှုတွေပိုများလာနေတာ၊စားဝတ်နေရေးအဆင်မပြေတာတွေအပြင် ပြင်ပကမိသားစုဝင်တွေကိုဆက်သွယ်တာတွေထိစောင့်ကြည့်ခံနေကြရတာတွေကြောင့်လို့လည်း ဆိုကြပါတယ်။
”ခုကအမေတို့ဖုန်းဆက်လာရင်တောင်လွယ်လွယ် ပြောလို့ကိုင်လို့မရဘူး။တာဝန်ချိန်ဆိုရင်ပိုပြီးတော့ ပြောခွင့်မရတော့ဘူး။အရင်ထက်အများကြီးတင်းကြပ်ထားတော့မနေချင်သူတွေများနေတယ်။ဒါကြောင့်ထွက်ပြေးကြသူတွေရှိနေတာပါ။”လို့ ရခိုင်မှစစ်ကောင်စီရေတ ပ်ရဲ့အရာရှိကြီးတစ်ဦးက BNA သို့ပြောပါတယ်။
ရခိုင်မှာ ရက္ခိုင့်တပ်တော်(AA)နဲ့စစ်ကောင်စီတပ်တို့ကြား နှစ်ဖက်အပစ်ရပ်ထားကြပေမယ့်စစ်ကောင်စီတပ်က စစ်အင်အားတိုးတာ၊လက်နက်၊ရိက္ခာဖြည့်တင်းတာတွေပြုလုပ်နေတယ်လို့ ရခိုင်ပြည်သူတွေက ဆိုကြပါတယ်။
ရခိုင်သို့စစ်ကောင်စီခေါင်းဆောင်ထိလာရောက်စ ည်းရုံးတာတွေပြုလုပ်နေပေမယ့်မြေပြင်ရှိအရာရှိတွေဟာ အောက်ခြေတပ်ဖွဲ့ဝင်တွေကိုအာဏာပြတာတွေ၊ခေါင်းပုံဖြတ်တာတွေပြုလုပ်နေကြတာမို့ ခုလိုမျိုးထွက်ပြေးနေကြတာလို့လည်း စစ်ကောင်စီတပ်အသိုင်းအ ဝိုင်းက ဆိုကြပါတယ်။
အဲဒီအပြင်ရိက္ခာဖြတ်တာတွေ၊မိသားစုဝင်တွေထိစ စ်သင်တန်းတက်ရတာတွေ၊အရေးပေါ်ဆေးကုသခွင့်တွေထိတင်းကြပ်ခံထားရတာတွေကြောင့်လည်း
စစ်ကောင်စီတပ်မိသားစုဝင်တွေက ဆိုကြပါတယ်။
https://www.facebook.com/bordernewsagency/posts/344656838082487