By BBC / 2023 October 1
KIA ဌာနချုပ်တည်ရှိရာ လိုင်ဇာဧရိယာထဲ စစ်ကောင်စီ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးဟာ စက်တင်ဘာ ၂၈ ရက်က လိုင်ဇာဒေသ၊ မုန်လိုင်ခန်တောင်ကြောမှာ အခြေစိုက်ထားတဲ့ ရက္ခိုင့်တပ်တော် အေအေစခန်းထဲ ကျရောက်လို့ AA ဗိုလ်ကြီးတစ်ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတချို့ရှိခဲ့တယ်လို့ AA ကအတည်ပြုပါတယ်။ ဒီတော့ အေအေနဲ့ စစ်ကောင်စီတို့ကြား လူသားချင်းစာနာမှုအရ အပစ်အခတ်ရပ်စဲမှု ဆက်ရှိနေသေးလား။ ဘာကြောင့် လိုင်ဇာထဲက AA စခန်း တိုက်ခိုက်ခံရတာပါလဲ။ လိုင်ဇာကို စစ်ကောင်စီတပ်တွေ တကယ်တိုက်ခိုက်လာနိုင်ပါသလား။
လိုင်ဇာကိုသွားရာနန်ဆန်ယန်က တိုက်ပွဲတွေမှာ AA က KIA ဘက်ကနေ ဝင်ရောက်တိုက်ခိုက်နေတာရှိနေပါသလား။ အောက်တိုဘာ ၁၅ ရက်နေ့မှာ ကျင်းပမယ့် အပစ်ရပ်စာချုပ်လက်မှတ်ထိုးပွဲ ၈ နှစ်ပြည့်အခမ်းအနားကို အပစ်ရပ်လက်မှတ်မထိုးထားပေမဲ့ ဖိတ်ကြားလာရင် တက်ရောက်ဖို့ရှိပါသလား။ ရခိုင်ပြည်နယ် ဘူးသီးတောင်မောင်တောမှာ အေအေက အကြမ်းဖက်အဖွဲ့အစည်းတွေ နဲ့ပတ်သက်သူတွေဆိုပြီး နယ်မြေရှင်းလင်းရေး ခေါင်းစဥ်နဲ့ ဖမ်းဆီးနေသူတွေရှိပြီး အဲဒီအဖွဲ့တွေက ဘယ်အဖွဲ့အစည်းလူတွေဖြစ်ပါသလဲ။ AA ပြောခွင့်ရ ခိုင်သုခနဲ့ ဘီဘီစီ ဆက်သွယ်မေးမြန်းချက်မှာ ကြည့်ရှုနားဆင်ပါ။