ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)၏ရဲစခန်းမှာ ဖမ်းဆီးစစ်ဆေးနေစဉ် သံသယရှိသူ တစ်ယောက် သေဆုံးသွားခဲ့ပါတယ်။

By Narinjara / 2023 October     14

သေဆုံးသူ ကိုအောင်နိုင်ဟာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ပန်းတောပြင်အုပ်စု၊ ကျွဲတဲကျေးရွာမှ ဆိုင်ကယ်ခိုးမှု သံသယနဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)၏ရဲစခန်းမှာ ဖမ်းဆီးခံရပြီးနောက် စစ်ဆေးကာလအတွင်း သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အာရက္ခပြည်သူ့အစိုးရ၏ ရဲတပ်ဖွဲ့လက်ထဲမှာ ဘယ်လိုပဲဖြစ်ဖြစ် တရားခံ သေဆုံးသွားလို့ရှိရင် ရဲတပ်ဖွဲ့မှာ အပြည့်အဝတာဝန်ရှိတယ်လို့ပြောဆိုထားပြီး သေဆုံးမှုနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေကို အရေးယူသွားမယ်လို့ ULA/AA ပြောခွင့်ရ ဦးခိုင်သုခက ပြောဆိုလိုက်ပါတယ်။

သံသယရှိသူဟာ စစ်ဆေးနေစဉ်အတွင်း ဘာကြောင့် သေဆုံးသွားရတာလည်းဆိုတာ ရုပ်သံမှာ ကြည့်ရှူနိုင်ပါပြီ။

နိရဉ္စရာသတင်းဌာနမှ ထုတ်လွှင့်နေသော စာ သတင်း၊ ရုပ်သံ၊ ရေဒီယို သတင်းများကို အောက် ဖော်ပြပါ ပလက်ဖောင်းများတွင်လည်း ဝင်ရောက် ဖတ်ရှု၊ နားဆင်နိုင်ပါတယ်။

https://www.facebook.com/watch/?v=1369302497337737

Leave a Reply

Your email address will not be published.