ရက္ခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့က မင်းပြားမြို့နယ်မာ မူးယစ်ဆီးဝါးရောင်းဝယ် ဖြန့်ဖြူး သုံးစွဲလူတိကို ဖမ်းဆီး

By Arakan Princess Media / 2023 October    8

ရက္ခိုင်ပြည်၊မင်းပြားမြို့နယ်၊ စွန်ရဲရွာမာ ဒေနိ(အောက်တိုဘာ ၈ ရက်နိ) မိုးထစောစော ၂ နာရီ ၃၀ မိနစ်မာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် ULA/AA ဦးဆောင်ရေ ရက္ခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့က မူး ယစ်ဆီးဝါး အစိချေ ရောင်းဝယ် ဖြန့်ဖြူး သုံးစွဲရေလူတိကို စီနင်းဝင်ရောက်ပနာ အုပ်စုပြတ် ဖမ်းဆီးလိုက်ကြောင်း သိရပါရေ။

ယင်းသို့ဖမ်းဆီးရေခါ မူးယစ်ဆီးဝါး ရောင်းဝယ်ဖြန့်ဖြူးသုံးစွဲလူ ၁၄  ယောက် ထက်မနည်းဖမ်းမိခပြီးကေ ၎င်းရို့နန့်တတူ  မူးယစ်ဆီးဝါး အစိချေ အလုံး ၆၀၀ ကျော်ကိုပါ လက်ပူးလက်ကြပ် ဖမ်းမိခ​ရေလို့ ဆိုပါရေ။

ရက္ခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့စွာ မူးယစ်ဆီးဝါးနန့်ပတ်သက်လို့ ဖမ်းဆီးထားသူတိကို စုံစမ်းစစ်ဆီးနီပြီးကေ မင်းပြားအပါအဝင် တခြားမြို့နယ်ရို့က မူးယစ်ဆီးဝါး ရောင်းဝယ်လူတိ၊ ဖြန့်ဖြူးလူတိ၊ သုံးစွဲလူတိကို ဆက်လက် ပိုက်စိုက်တိုက် ရှာဖွီဖော်ထုတ်ဖမ်းဆီးပနာ ထိထိရောက်ရောက် ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်လားဖို့လို့လည်း ULA/AA တာဝန်ဟိသူတိက ပြောဆိုကတ်ပါရေ။

ရက္ခိုင်ပြည်မာ လူငယ်မျိုးဆက်သစ်တိ လူညွန့်တုံး၊ ဘဝပျက်၊ အနာဂတ်ပျောက်နီရမှု၊ သက်ငယ်မုဒိမ်းမှုအပါအဝင် လူမဆန်ရေ ရာဇဝတ်မှုတိထူပြောလာမှု၏ အဓိကလက်သည်တခုဖြစ်တေ မူးယစ်ဆီးဝါးအန္တရာယ်ကို အမြစ်ပြတ်ချေမှုန်းတိုက်ဖျက်ဖို့ အရက္ခပြည်သူလူထုတိက အထူးလိုလားနီကြောင်းလည်း သိဟိရပါရေ။

https://www.facebook.com/arakanprincessmedia1/posts/344710531287241

Leave a Reply

Your email address will not be published.