ရက္ခိုင့်တပ်တော်မှ အာရက္ခစစ်သည်တော်တစ်ဦးအား မြန်မာစစ်တပ်၏ ကန်တောင်ယန် (ဂန်‌ဒေါင်ယန်) စခန်းကို သိမ်းပိုက်ပြီးနောက် သိမ်းဆည်းရမိသော လက်နက်များနှင့်အတူ တွေ့ရစဉ်

By Narinjara / 2023 October     31

အောက်တိုဘာလ (၃၁) ရက်၊ နံနက် (၆) နာရီခန့်အချိန်မှစ၍ ကချင် လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် ရက္ခိုင့်တပ်တော် (AA) ပူးပေါင်းစစ်ကြောင်းတို့သည် ကချင်ပြည်၊ လိုင်ဇာမှ (၂၅) ကီလိုမီတာခန့် ကွာဝေးသော မြစ်ကြီးနား-ဗန်းမော်ကားလမ်းမ အနီးရှိ စစ်ကောင်စီ၏ “ကန်တောင်ယန် (ဂန်‌ဒေါင်ယန်) စခန်း” ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။

နှစ်နာရီခွဲခန့်ကြာမြင့်သော ဤစစ်ဆင်ရေးအပြီး အဆိုပါစခန်းအား အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင် ပစ္စည်းများနှင့် အလောင်းအချို့တို့ကို သိမ်းဆည်းရမိခဲ့သည့်အပြင် အဆိုပါ စခန်းကို ဦးဆောင်နေသော စစ်ကောင်စီ၏ခမရ (၃၈၇) တပ်ရင်းမှူးလည်း တိုက်ပွဲအတွင်း ကျဆုံးခဲ့သည်ဟု သိရသည်။

၎င်းစခန်းအား သိမ်းပိုက်ပြီးနောက် အာရက္ခစစ်သည်တော် တစ်ဦးကို သိမ်းဆည်းရမိသည့် လက်နက်ကြီးများနှင့် အတူတွေ့ရစဉ်။ (   Operation 1027- 3BHA)

https://www.facebook.com/narinjara.info/posts/732637762236689

Leave a Reply

Your email address will not be published.