မြောက်ဦးတွင် ဂစ္ဆပနဒီကားတိုက်၍ အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံး၊ ကားပိုင်ရှင်ကို AA ကဖမ်းဆီးထား

By Arakan Bay News / 2023 October      17

ရခိုင်ပြည်၊ မြောက်ဦးမြို့နယ် တောင်ဖြူဆည် ဆီဆိုင်ရှေ့တွင် ကားတိုက်မှုဖြစ်၍ အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး ကားပိုင်ရှင်ကို AA မှဖမ်းဆီးထားကြောင်း သိရသည်။

ယာဥ်တိုက်ပြီး သေဆုံးသွားသူမှာ ကျောက်တော်မြို့နယ် ဇင်းခံချေကျေးရွာမှ ဖြစ်ကြောင်းသိရသည်။

ဖြစ်စဥ်မှာ ယနေ့မွန်းလွှဲပိုင်းတွင် အမျိုးသားတစ်ဦးက ၎င်း၏ဇနီးကို လိုက်ပို့၍ပြန်ချိန်တွင် ကျောက်တော်ဖက်က လာသည့် ဂစ္ဆပနဒီကားက ဆီဆိုင်ရှေ့တွင် နောက်မှ ဝင်တိုက်မိသည့်အတွက် ခေါင်းကွဲသွားပြီး ဆေးရုံသို့ပို့ရာ သေဆုံးသွားခဲ့ကြောင်း ဒေသခံတစ်ဦး က ABN သို့ပြောသည်။

“၁၁ နာရီလောက်မှာပါ၊ ကျောက်တော်ဖက်က လာတဲ့ကားက အရှိန်ပြင်းပြင်းမောင်းလာတယ်၊ လင်ဖြစ်သူက မယားကိုလိုက်ပို့လို့အပြန်မှာ အဲ့ဒီကားက ဝင်တိုက်သွားပါတယ်၊ ဆေးရုံကိုပို့လို့ ၅ မိနစ်လောက်မှာသေဆုံးသွားပါတယ်” ဟုဆိုသည်။

လက်ရှိတွင် အလောင်းကို ဆေးရုံရှိ ရင်ခွဲရုံသို့ပို့ထားကြောင်း သိရသည်။

ABN က သေဆုံးသူ၏ မိသားစုများကို ဆက်သွယ်နေဆဲဖြစ်သည်။

ကျူးလွန်သူတရားခံ နှင့်ကားကို ရက္ခိုင့်တပ်တော် AA မှ ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။

https://www.facebook.com/ArakanBayNewsMedia/posts/294399813446277

Leave a Reply

Your email address will not be published.