မြန်မာစစ်တပ်၏ ရိုက်နှက်စစ်ဆီးမှုကြောင့် ဘယ်ဖက်ညှပ်ရိုး အက်လားရေ မင်းပြားက ကိုညီညီအောင် တလကျော်ကြာရေအထိ ဆီးကုခွင့်မရသိမ့်

By Arakan Princess Media / 2023 October    6

မြန်မာစစ်တပ်က ရက်ရက်စက်စက် ရိုက်နှက်စစ်ဆီးမှုကြောင့် ဘယ်ဖက်ညှပ်ရိုး အက်လားရေ မင်းပြားက ကိုညီညီအောင်စွာ လက်ဟိ တလကျော်ကြာလာရေအထိ ဆီးကုသခွင့်မရသိမ့် ကြောင်း သိရပါရေ။

ကိုညီညီအောင် (၃၆ နှစ်)ကို ကုန်ခရေ ၂၀၂၂ ခုနှစ်၊ စပ်တမ်ဘာ ၁၈ ရက်နိက မင်းပြားအခြီစိုက် မြန်မာစစ်တပ် ခမရ (၃၇၉) တပ်ရင်းက ဖမ်းယူလားခပါရေ။

ယင်းနောက် ကိုညီညီအောင်ကို စစ်ကြောရီးမာ တလကျော်လောက် ထိန်းသိမ်းထားခပနာ ခမရ (၅၄၁) တပ်ရင်းက ဗိုလ်ကြီး ဌေးအောင်တရားလိုလုပ်လို့ ပုဒ်မ ၁၇ (၁) နန့် မင်းပြားမြို့နယ်တရားရုံးမာ တရားစွဲဆိုထားစွာပါ။

ကိုညီညီအောင်စွာ စစ်ကြောရီးကာလအတွင်း မြန်မာစစ်တပ်က ရိုက်နှက်မိန်းမြန်းစစ်ဆီးမှုဒဏ်တိကြောင့်  ဘယ်ဖက်ညှပ်ရိုးအက်လားပနာ နာကျင်ကိုက်ခဲရေ ဝေဒနာကို ခံစားနီရပြီးကေ၊ တခါတရီ အသက်ယှူကျပ်တေအပြင် အာရုံကြောအားနည်းရေ ရောဂါကိုပါ ခံစားနီရလို့ လက်ဟိမာအရေးပေါ်ဆီးကုသခွင့်ရဖို့ ကုန်ခရေ ဩဂတ်စ်လက မိသားစုဝင်တိက သက်ဆိုင်ရာသို့ တင်ပြထားကြောင်း မိသားစုဝင်တိက ပြောပါရေ။

လက်ဟိမာ ဆီးကုသခွင့်တင်ထားစွာ တလ​ကျော်လောက်ကြာလာကေလေ့ အဂုထိ ဆီးကုသခွင့်မရသိမ့်လို့ ဆိုပါရေ။

လက်ဟိမာ ကိုညီညီအောင်ကို မင်းပြားမြို့မရဲစခန်းမာ ထိန်းသိမ်းထားပြီးကေ ကုန်ခရေ အောက်တိုဘာ  ၃ ရက်နိက ရုံးထုတ်ခကေလေ့ တရားသူကြီး ဦးမြတ်မင်းဟန် က စစ်ဆီးမှုတစုံတရာမပြုလုပ်ခဘဲ လာဖို့အောက်တိုဘာ ၁ဝ ရက်နိကို ရုံးချိန်းရွှိဆိုင်းထားကြောင်း သိရပါရေ။

https://www.facebook.com/arakanprincessmedia1/posts/343576244734003

Leave a Reply

Your email address will not be published.