မင်းပြား၊ ဥက္ကာပျံရပ်ကွက်အုပ်ချုပ်ရီးမှူး ဦးအောင်ကျော်လှအမှု ရုံးထုတ်စစ်ဆီး

By Arakan Princess Media / 2023 October    17

မြန်မာစစ်တပ်ဖမ်းဆီးလားပြီးနောက် မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)(၂) နန့်တရားစွဲခံထားရရေ မင်းပြားမြို့၊ ဥက္ကာပျံရပ်ကွက်အုပ်ချုပ်ရီးမှူး ဦးအောင်ကျော်လှ (ခ) နီတောင်းချေအမှုကို ဒေနိ (အောက်တိုဘာ ၁၇ ရက်နိ)မင်းပြားမြို့နယ်တရားရုံးမာ ရုံးထုတ်စစ်ဆီးခကြောင်း သိရပါရေ။

ဦးအောင်ကျော်လှအမှုကို ဒေနိ နိခင်းက မင်းပြားမြို့နယ်တရားရုံးမာ ရုံးထုတ်ခပြီးကေ မြို့နယ်တရားသူကြီး ဦးမြတ်မင်းဟန်က ခံပြသက်သီနှစ်ယောက်နန့် လိုပြသက်သီတယောက်ကို စစ်ဆီးခပနာ လာဖို့အောက်တိုဘာ ၂၄ ရက်နိသို့ ရုံးချိန်းထပ်ရွှိလိုက်တေလို့ မိသားစုဝင်တိက ပြောပါရေ။

ဦးအောင်ကျော်လှ(၅၇ နှစ်)ကို ကုန်ခရေ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၈ ရက်နိမာ မင်းပြားအခြီစိုက် မြန်မာစစ်တပ် ခမရ (၃၈၀) တပ်ရင်း တပ်ဖွဲ့ဝင်တိက ဖမ်းဆီးလားခပါရေ။

ယင်းနောက် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် ULA/AA အတွက် အခွန်ကောက်တေရေလို့ စွပ်စွဲပနာ ပုဒ်မ ၁၇(၁)(၂) နန့်တရားစွဲပြီးကေ ရုံးထုတ်စစ်ဆီးနီစွာပါ။

လက်ဟိမာ အကြောင်းအမျိုးမျိုးပြရုံးချိန်းအကြိမ်ကြိမ်အရွှိခံနီရလို့ အမှုကြန့်ကြာနီရပြီးကေ စွပ်စွဲခံရလူ အမှုသည်နန့်မိသားစုဝင်တိမာ ရုံးချိန်းလားလာရရေ စရိတ်စခအပါအဝင် အဖက်ဖက်က နစ်နာနီကတ်ရရေလို့ သိပါရေ။

https://www.facebook.com/arakanprincessmedia1/posts/350009397424021

Leave a Reply

Your email address will not be published.