ဘူးသီးတောင်မာ လောင်းမြုပ်လို့  မူဆလင် အမျိုးသားတယောက် ပျောက်နီ

By Arakan Princess Media / 2023 October    4

ဒေနိ(အောက်တိုဘာ ၄ ရက်နိ) မိုးထက ဘူးသီးတောင်မြို့နယ်မာ လောင်းတစီး မြုပ်လားလို့ အသက် ၃၀ ကျော်အရွယ် မူဆလင်အမျိုးသားတယောက် ပျောက် နီကြောင်း သိရပါရေ။

ပျောက်နီရေလူမာ ဘူးသီးတောင်မြို့နယ်၊ ဖရုံးချောင်း(မူဆလင်)ရွာက ဦးနိုရ်ရာလီ(၃၈ နှစ်) ဖြစ်ပါရေ။

ဦးနိုရ်ရာလီစွာ ဒေနိမိုးထ ၁၀ နာရီလောက်က သူ့သားဖြစ်သူအပါအဝင်အခြားမူဆလင် ၉ ယောက်နန့်တတူ ပြင်ကျွန်းက သူရို့လယ်မာ ပျိုးဖာဖို့ လောင်းတစီးနန့် လားခပါရေ။

ယင်းပိုင် လားကတ်ခါ ဦးနိုရ်ရာလီ ရို့စီးလာရေ လောင်းစွာ ပြင်ကျွန်းသို့မရောက်ခင် ဖရုံးချောင်း (မူဆလင်)ရွာနန့် သေကံ(မူဆလင်)ရွာအကြား မြစ်အလယ်မာ မြုပ်လားခစွာပါ။

သားဖြစ်သူအပါအဝင် တခြားမူဆလင် ၉ ယောက် ကမ်းနားသို့ ကူးလာနိုင်ခကေလေ့ ဦးနိုရ်ရာလီစွာ ကမ်းသို့မကူးနိုင်ခဘဲ ရီမြုပ်ပျောက်ဆုံးလားစွာဖြစ်ပါရေ။

လက်ဟိမာ ပျောက်ဆုံးနီလူ ဦးနိုရ်ရာလီကို မိသားစုဝင်တိနန့်ရပ်သူရွာသားတိက ဝိုင်း ဝန်းရှာဖွီနီပြီးကေ အဂုအချိန်ထိ ရှာမတွိသိမ့်လို့ သိဟိရပါရေ။

https://www.facebook.com/arakanprincessmedia1/posts/342647004826927

Leave a Reply

Your email address will not be published.