By Narinjara / 2023 October 2
သာယာလှပတဲ့ မနက်ခင်းနဲ့အတူ မြောက်ဦးမြို့နယ်က ခမီလူမျိုးတွေ နေထိုင်တဲ့ မောင်နှမေကျေးရွာကလေးဟာလည်း ကျေးလက်တောသဘာ၀အတိုင်း အေးချမ်း ဆိတ်ငြိမ် လျက် ရှိနေပါတယ်။
ခမီလူမျိုးတွေဆိုတာကတော့ ရခိုင်ပြည်နယ်ထဲက ရိုးသားဖော်ရွေတဲ့ မျိုးနွယ်စုဝင်တစ်ခုဖြစ်ပြီး တောင်ယာလုပ်ကိုင်စိုက်ပျိုးပြီး အသက်မွေးမှု ပြုလုပ်ကြပါတယ်။ ခမီလူမျိုးတွေဟာတောင်ပေါ်ဒေသမှာ နေထိုင်မှုပြုတဲ့ လူမှုအဖွဲ့အစည်းတစ်ခုဖြစ်ပြီး ချစ်စရာရိုးရာဓလေ့ထုံးစံတွေ နဲ့အတူ လက်မှုအနုပညာအတတ်တွေကိုလည်း ပိုင်ဆိုင်ထားတဲ့ လူမျိုးတစ်မျိုးဖြစ်ပါတယ်။
ဒီအထဲက ရက်က္ကန်း ခေါ် ရိုးရာဂျပ်ခုပ်လုပ်ငန်းဟာ ခမီလူမျိုးတွေရဲ့ အရေးပါလှတဲ့ လက်မှု လုပ်ငန်းတစ်ခုဖြစ်ပါတယ်။
ဒါပေမဲ့ ခမီလူမျိုးရဲ့ ထင်ရှားတဲ့ ရိုးရာလက်မှုပညာတစ်ခုဖြစ်တဲ့ ရက်က္ကန်း ခေါ် ရိုးရာဂျပ်ခုပ်လုပ်ငန်းဟာ လက်ဆင့်ကမ်း သယ်ယူမယ်သူမရှိလို့ အခုအခါ ပျောက်ကွယ်သွားမှာကို စိုးရိမ်ရတဲ့ အနေအထားကို ရောက်ရှိလာနေတယ်လို့ သိရပါတယ်။ တစ်စတစ်စနဲ့ ကျွမ်းကျင်စွာ ရက်လုပ်သူတွေ ရှားပါးလာတဲ့အတွက် အဖိုးတန်လှတဲ့ ရိုးရာလက်မှု ပညာ တစ်ခု မကြာခင် ပျောက်ကွယ်သွားတော့မယ် အနေအထားနဲ့ ရင်ဆိုင်နေရတာပါ။
နိရဉ္စရာသတင်းဌာနမှ ထုတ်လွှင့်နေသော စာ သတင်း၊ ရုပ်သံ၊ ရေဒီယို သတင်းများကို အောက် ဖော်ပြပါ ပလက်ဖောင်းများတွင်လည်း ဝင်ရောက် ဖတ်ရှု၊ နားဆင်နိုင်ပါတယ်။