By Arakan Princess Media / 2023 October 15
ပေါက်တောမြို့နယ်၊ ကျောက်ပြင်ရွာမာ အောက်တိုဘာ ၁၃ ရက်နိညည့်က ဦးနိုင်နိုင်(၃၆ နှစ်)ကို တရွာတည်းနီ ကိုမောင်စောအေး(၂၃နှစ်) သတ်တေအမှုမာ လူသတ်တရားခံ ကိုမောင်စောအေးကို ULA နယ်မြီရဲစခန်းက ချက်ချင်းဖမ်းဆီးခပြီးကေ၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ နန့် အမှုဖွင့်စစ်ဆီးနီရေလို့ တာဝန်ဟိပုဂ္ဂိုလ်တိက ပြောပါရေ။
ကျောက်ပြင်ရွာလူသတ်မှုနန့်ပတ်သက်လို့ ULA ရဲဌာနတာဝန်ဟိပုဂ္ဂိုလ်က ” ကျနော်ရို့ ပြစ်မှုကျူးလွန်သူ ကိုမောင်စောအေးကို ချက်ချင်းဆိုပိုင်ဖမ်းဆီးနိုင်ခပါရေ။ ယင်းနောက်မာ ဥပဒေလုပ်ထုံးလုပ် နည်းတိနန့်အညီ အမှုအမှတ် (ပ) ၂၀၀/ ၂၀၂၃၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ နန့် အမှုဖွင့် အရေးယူ စစ်ဆီးနီပါရေ”လို့ APM သို့ ပြောကြားပါရေ။
အောက်တိုဘာ ၁၃ရက်နိညည့်က ပေါက် တောမြို့နယ်၊ ကျောက်ပြင်ရွာမာ ဦးနိုင်နိုင်ကို တရွာတည်းနီ ကိုမောင်စောအေးက ကျောက်ပြင်ရွာဘုတ်ဆိပ်နားမာ ဓားရှည်နန့် ခွတ်သတ်ပလိုက်စွာဖြစ်ပါရေ။
ယင်းပိုင်ဓားနန်အခွတ်ခံရလို့ ဦးနိုင်နိုင်၏ လက်မောင်းနှစ်ဖက်၊ နောက်ကုန်းနန့် ခါးရို့မာ ဒဏ်ရာတိ အများကြီး ရလားပြီးကေ နီရာမာပင် ပွဲချင်းပြီးသီဆုံးလားခပါရေ။
ဒေသခံတိပြောကြားချက်အရ ဦးနိုင်နိုင်နန့် ကိုမောင်စောအေးရို့စွာ အယင်က ရန်ငြိုးရန်စ မဟိခဘဲ လူသတ်မှုမဖြစ်ခင် အောက်တိုဘာ ၁၃ ရက်နိညဇာပိုင်းက အရက်ဆိုင်မာ စကားများရန်ဖြစ်ရာကနီ လူသတ်မှုဖြစ်ခရစွာလို့ သိဟိရပါရေ
https://www.facebook.com/arakanprincessmedia1/posts/348863820871912