ပေါက်တောမြို့နယ်တွင် ရေနစ်၍ အမျိုးသားတစ်ဦး သေဆုံး

By Arakan Bay News / 2023 October      15

ပေါက်တောမြို့နယ် လက်ပံပြားရွာတွင် ပျောက်ဆုံးနေသည့် အမျိုးသား ၁ ဦးကို အောက်တိုဘာလ ၁၃ရက်နေ့က ရေနစ်သေဆုံးလျက် တွေ့ရှိကြောင်း သိရသည်။

ထိုရေနစ်၍ ပျောက်ဆုံးနေသော အမျိုးသားကို ယနေ့ နံနက် ၈နာရီကျော်အချိန်က ရွာ၏ ရေကန်ထဲ၌ ပြန်လည်တွေ့ရှိခဲ့သည်ဟုသိရသည်။

သေဆုံးသွားသည့်အမျိုးသားသည် လက်ပံပြားရွာမှ ဦးမောင်နု၏ သားဖြစ်သူ အသက် ၂၉နှစ်အရွယ် ဦးဇော်ဦးချေဖြစ်ကြောင်းသိရှိရသည်။

၎င်းသည် အောက်တိုဘာလ ၁၃ရက်နေ့ ညနေပိုင်းက အရက်သောက်ပြီး ပျောက်ဆုံးနေခဲ့စဥ် ယနေ့ နံနက်ပိုင်းက ရွာ၏မြောက်ဘက်ရှိ ရေကန်ထဲတွင် ရေနစ်မြုပ်၍ သေနေသောအလောင်းကိုတွေ့ရှိခဲ့ကြောင်း ကျေးရွာတာဝန်ရှိသူ ဦးမောင်သာနုကပြောသည်။

“၁၃ရက်နေ့ ညနေပိုင်းကပျောက်သွားတာ၊ အရက်နည်းနည်းသောက်ထားတယ်၊ ဒီနေ့မနက်က ရေကန်ထဲမှာအလောင်းပေါ်နေတာကိုတွေ့ပါတယ်၊ အဲဒီရေကန်က ရွာမြောက်ဘက်မှာ အဲဒီကန်ကရေကို ရွာသားတွေသိပ်မသုံးကြဘူး၊ သုံးတဲ့သူတွေလည်းရှိပါတယ်” ဟုဆိုသည်။

သေဆုံးသူ ဇော်ဦးချေသည် အိမ်ထောင်ကျပြီး သမီးတစ်ယောက်ရှိပြီး လက်ရှိတွင် လင်မယား ကွာရှင်းထားသည်ဟုသိရှိရသည်။

အောက်တိုဘာလ ၁၃ရက်နေ့က ပုဏ္ဏားကျွန်းမြို့ အလယ်စုရပ်ကွက်တွင် အသက် ၆၀ နှစ်အရွယ်အမျိုးသမီးရေတွင်းထဲခုန်ချ၍သေဆုံးခဲ့သည်။

​အောက်တိုဘာလ ၃ရက်နေ့ကလည်း မင်းပြားမြို့ ပြည်တော်လှရပ်ကွက်မှ အသက် ၃၇နှစ်အရွယ် အမျိုးသားတစ်ဦး ရေနစ်သေဆုံးခဲ့သည်။

https://www.facebook.com/ArakanBayNewsMedia/posts/293362096883382

Leave a Reply

Your email address will not be published.