ပလက်ဝမာ လွတ်လပ်စွာ ကုန်ပစ္စည်းသယ်ယူခွင့် ဒေသခံတိ လိုလားနီ

By Arakan Princess Media / 2023 October    16

မြန်မာစစ်တပ်က ကုန်ပစ္စည်းသယ်ယူခွင့်ကန့်သတ်ခံထားရရေ ပလက်ဝမြို့မာ လွတ်လပ်စွာ ကုန်ပစ္စည်းသယ်ယူခွင့်ရဟိရီး ဒေသခံတိက လိုလားနီကတ်ပါရေ။

လက်ဟိ ကုန်ပစ္စည်းသယ်ဆောင်ခွင့်ကန့်သတ်ထားရေ ပလက်ဝမြို့နယ်မာ ကုန်ပစ္စည်းတိယှားပါးပနာ ကုန်ဈီးနှုန်းတိလည်း အဆမတန်မြင့်တက်လို့ဟိပါရေ။

အဂုအခါ ပလက်မြို့နယ်မာ စားဆီ တလီတာကို ငွေကျပ် ၈၀၀၀၊ ဓါတ်ဆီတလီတာကို ၁၄၀၀၀ နန့် ပေါ်ဆန်းမွှီး ဆန်တအိတ်ကို တသိန်းခွဲနီးပါးအထိ ပီးဝယ်နီရရေလို့ ဒေသခံတိကပြောပါရေ။

ယင်းအပြင် ငရုတ်သီးစိမ်း တပိဿာကို ၆၀၀၀ ကျပ်နန့် တခြားစားသောက်ကုန်ဈီးနှုန်းတိလည်း အဆမတန် မြင့်တက်နီပြီးကေ စက်သုံးဆီ စရေလူသုံးကုန်တိလည်း ဈီးနှုန်းတိ မြင့်တက်လာနီပါရေ။

ရက္ခိုင့်တပ်တော် AA နန့် မြန်မာစစ်တပ်ရို့တကျော့ ပြန်တိုက်ပွဲပြင်းထန်ချိန်ကပင် ပလက်ဝသို့ ကုန်စည်စီးဆင်းရာ အဓိက လမ်းကြောင်းဖြစ်တေ ပလက်ဝ- ကျောက်တော်ရီလမ်းကြောင်းကို မြန်မာစစ်တပ်က ပိတ်ထားခပါရေ။

ယင်းနောက် ၂၀၂၂ ခုနှစ်၊ နိုဗမ်ဘာ ၂၆ မာ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာနှစ်ဖက် အပစ်အခတ်ရပ်စဲအပြီးပြန်ဖွင့်ပီးခပါရေ။

ယေကေလေ့ ယင်းရီလမ်းကြောင်းတလျှောက် ပစ္စည်းတင်ဆောင်ခွင့်ကို ဆက်ကန့်သတ်ထားပြီး​ကေ  လမ်းခရီးဟိ မြန်မာစစ်တပ်စစ်ဆီးရီးဂိတ်တိမာလည်း ငွေကြေးပီးဆောင်ရရေအပြင် ဆီးဝါးနန့် သံထည်ပစ္စည်းတိကိုတော့ ဒေနိအထိ လုံးဝသယ်ယူခွင့်မရသိမ့်လို့ ဒေသခံတိကပြောပါရေ။

လက်ဟိမာ ပလက်ဝမြို့နယ်အတွင်းကုန်စည်စီးဆင်းမှုတိ နှောင့်နှေးနီပြီးကေ ဒေသခံလက်လုပ်လက်စားပြည်သူတိအခက်အခဲတိနန့် ဆိုးဆိုးဝါးဝါး ရင်ဆိုင်နီကတ်ရရေအတွက်  ပစ္စည်းတိကို လွတ်လပ်စွာ သယ်ယူခွင့်ပီးဖို့ ဒေသခံတိက တောင်းဆိုနီကတ်ပါရေ။

https://www.facebook.com/arakanprincessmedia1/posts/349314600826834

Leave a Reply

Your email address will not be published.