တောင်ကုတ်ရှိ လူနေအိမ်နှစ်ရာကျော်ကိုဖြိုဖျက်ဖို့ စစ်ကောင်စီကဒုတိယအကြိမ်သတိပေး

By Border News Agency / 2023 October   15

ရခိုင်ပြည်၊တောင်ကုတ်မြို့ရှိလူနေအိမ်၊ဆိုင်ခန်းနဲ့ဟိုတယ်အပါအဝင်အဆောက်အအုံနှစ်ရာကျော်ကို အောက်တိုဘာ လ ၂၀ ရက်နေ့၊နောက်ဆုံးထားဖြို ဖျက်ပေးဖို့ စစ်ကောင်စီကဒုတိယအ​ကြိမ်စာထုတ် အသိပေးလာတယ်လို့ တောင်ကုတ်မြို့ခံတွေက ဆိုကြပါတယ်။

အဲဒီနေရာဟာ တောင်ကုတ်မြို့ပြကွင်းကျေးရွာကနေ သင်္ဘောဆိပ်ထိလမ်းတလျှောက်ရှိအဆောက်အ ဦးတွေလို့ ဆိုကြပါတယ်။

အဲဒါကြောင့် တချို့နေအိမ်အဆောက်အအုံတွေကိုစတင်ဖြိုဖျက်နေကြပေမယ့်အများစုကတော့ မဖြို ဖျက်ကြသေးဘဲအခြေအနေတွေကို စောင့်ကြည့်နေကြတယ်လို့ ဆိုကြပါတယ်။

“တချို့အုတ်တွေနဲ့အခိုင်အမာဆောက်ထားတဲ့နေရာပိုင်ရှင်တွေကတော့ မဖြိုကြသေးဘူး။အခြေအနေစောင့်ကြည့်နေကြတုန်းပါပဲ။တချို့ဆိုင်ခန်းအတော်အများကတော့ဖြိုဖျက်ပြီးနေပါပြီ။”လို့ တောင်ကုတ်မြို့ခံတစ်ဦးကပြောပါတယ်။

အဲဒီအဆောက်အအုံတွေဟာ ပြည်ထောင်စုလမ်းမကြီး၊ပြည်(နဝဒေး) – တောင်ကုတ်လမ်းနယ်နမိတ်ကို ကျူး ကျော်ဆောက်လုပ်ထားတာဆိုပြီး ပြီးခဲ့တဲ့စက်တင်ဘာလ ၃၀ရက်နေ့၊နောက် ဆုံးထားဖယ်ရှားပေးဖို့တောင်ကုတ် လမ်းအထူး(၁၃)အဖွဲ့က ပထမအကြိမ်စာထုတ်အသိပေးဖူးပါတယ်။

“လက်ရှိမှာ ဖြိုတဲ့သူတွေကဖြို။တချို့မဖြိုရသေးတဲ့နေအိမ်၊ဆိုင်ခန်းတွေကို ဖယ်ရှားပေးဖို့ ဒုတိယအကြိ မ်စာထပ်ပို့လာတာပါ။”လို့ တောင်ကုတ်မြို့ခံတစ်ဦးဖြစ်တဲ့ကိုနေလင်းအောင်က ပြောပါတယ်။

အဲဒီအဆောက်အအုံးတွေကို သတ်မှတ်ရက်မှာဖြို ဖျက်ဖယ်ရှားတာတွေမပြု လုပ်ရင်ဥပဒေအရအမှုဖွင့်အရေးယူသွားမယ်လို့လည်း ဆိုပါတယ်။

ရခိုင်က အမ်း၊စစ်တွေစတဲ့မြို့နယ်တချို့မှာ လူနေ အိမ်တွေ၊ဆိုင်ခန်းတွေကိုစစ်ကောင်စီကဖြိုဖျက်ခဲ့တာတွေရှိပါတယ်။

https://www.facebook.com/bordernewsagency/posts/344639501417554

Leave a Reply

Your email address will not be published.