By DMG / 2023 October 15
စွန့်ပစ်ပလတ်စတစ် များပြားလာမှုကို လျော့ကျစေရန် ရခိုင်မျိုးနွယ်စုဝင် တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများက စစ်တွေမြို့၊ ပြည်သူ့ဆေးရုံးကြီးခြံဝင်းအတွင်း အောက်တိုဘာ ၁၅ ရက်တွင် စုပေါင်းအမှိုက်ကောက် သန့်ရှင်းရေးပြုလုပ်ခဲ့ကြသည်။
စွန့်ပစ်ပလတ်စတစ် များပြားလာမှုကို လျော့ကျစေရန်၊ ရခိုင်မျိုးနွယ်စုဝင် တက္ကသိုလ် ကျောင်းသား၊ကျောင်းသူများ တစ်ဦးနှင့်တစ်ဦး ရင်းနှီးမှုရရှိစေရန်နှင့် တပြည်နယ်လုံး အားထားရသည့် စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးကို သန့်ရှင်းစေရန် စုပေါင်းအမှိုက်ကောက် သန့်ရှင်းရေးလုပ်ဆောင်ခြင်းကို မြိုတက္ကသိုလ်ကျောင်းသူ/သားများအသင်း (MUSA)မှ ဦးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးဝင်းအတွင်း အမှိုက်ကောက် သန့်ရှင်းရေးပြုလုပ်ခြင်းကို ယနေ့ နံနက် ၈ နာရီမှ စတင်လုပ်ဆောင်ခဲ့ပြီး ရခိုင်မျိုးနွယ်စုဝင်များဖြစ်ကြသည့် တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ ၈၀ ဦးခန့် ပူးပေါင်းပါဝင် အမှိုက်ကောက်ခဲ့ကြကြောင်း သိရသည်။
https://www.facebook.com/dmgnewsagency/posts/715780493928883