စစ်တွေမှာ စစ်ကောင်စီဖမ်းထားတဲ့သတင်းထောက်ကို စစ်ဖက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ကခေါ်ဆောင် သွား

By Border News Agency / 2023 October   30

(ဓာတ်ပုံ-စစ်တွေမြို့ရှိအမှတ် ၁ ရဲစခန်းကို ၂၀၂၀ ပြည့်နှစ်ကတွေ့ရပုံ/BNA)

စစ်တွေမှာ စစ်ကောင်စီဖမ်းထားတဲ့သတင်းထောက်ကို အောက်တိုဘာလ ၃၀ရက်၊ဒီနေ့မနက်က စစ်ဖက်ဆိုင်ရာလုံ ခြုံရေးတပ်ဖွဲ့(စရဖ)က လာရောက်ခေါ်

ဆောင်သွားတယ်လို့ စစ်တွေမြို့အမှတ် ၁ ရဲစခန်းမှ အတည်ပြုပြောကြပါတယ်။

အဲဒီရခိုင်အခြေစိုက် Development Me dia Group သတင်းဌာနရဲ့သတင်းထောက်ထက်အောင်ကို အောက်တိုဘာ ၂၉ ရက်၊မနက်က စစ်တွေမြို့ဆွမ်းတော်ကြီးလောင်ပွဲကနေဖမ်းဆီးသွားတာဖြစ်ပါတယ်။

အဲဒီနောက်စစ်တွေမြို့ရှိ DMG သတင်းဌာနရုံးခန်းကိုလိုက်ပြခိုင်းပြီးရုံးစောင့်တစ်ဦးနဲ့ရုံးပစ္စည်းတွေကို စစ်ကောင်စီက သိမ်းယူသွားတာဖြစ်ပါတယ်။

”ဒီမှာမရှိတော့ဘူး။မနက်ကရုံးဖွင့်ချိန်မှာစရဖကခေါ်သွားတယ်။ခုတော့အမှုမဖွင့်ရသေးဘူး။”လို့ စစ်တွေမြို့၊အမှတ် ၁ ရဲစခန်းမှရဲအရာရှိတစ်ဦးက Border News Agency သို့ပြောပါတယ်။

အဲဒီသတင်းထောက် ထက်အောင်ဟာ မနေ့က စစ်တွေမြို့မှာပြည်နယ်စစ်ကောင်စီပြုလုပ်တဲ့ဆွမ်းတော်ကြီးလောင်းလှူပွဲကို သတင်းဓာတ်ပုံသွားရိုက်စဉ်ဖမ်းဆီးခံရတာဖြစ်ပြီးသူဟာ ပြစ်မှုကျူလွန်ထားသူမဟုတ်တာမို့အမြန်ဆုံးပြန်လွှတ်ပေးဖို့ သတင်းသမားတွေက တောင်းဆိုနေကြပါတယ်။

”စစ်ကောင်စီကပြုလုပ်တဲ့ပွဲကို ဓာတ်ပုံသတင်းရိုက်နေတာပါ။ဒါဟာ သူ့အလုပ်ကိုသူလုပ်နေတာပါ။ဒီဟာက အပြစ်မဟုတ်ပါဘူး။မြန်မာတွေရဲ့အခါကြီးနေ့ကြီးမှာကောင်းမှု၊ကုသိုလ်လုပ်တာကိုမရိုက်ရဘူးလား။သူ့မှာအပြစ်မရှိဘူးလို့မြင်ပါတယ်။သူ့ကို အမြန်ဆုံးပြန်လွှတ် ပေးစေချင်ပါတယ်။”လို့ ရခိုင်မှ အယ်ဒီတာတစ်ဦးက တောင်းဆိုပါတယ်။

ရခိုင်သတင်းဌာနတွေ၊သတင်းသမားတွေကို NLD အစိုးရလက်ထက်ကတည်းက အမှုဖွင့်တရားစွဲဆိုထားတာတွေရှိနေပြီးစစ်တပ်အာဏာသိမ်းပြီးနော က်မှာလည်း အမှုဖွင့်တရားစွဲဆိုတာတွေထပ်ရှိနေပါတယ်။

အဲဒီအထဲမှာ ရခိုင်သတင်းဌာနတွေက အယ်ဒီတာချု ပ်တွေထိပါဝင်နေသလိုသတင်းထောက်တချို့လည်းအမှုဖွင့်ခံထားရပါတယ်။

စစ်တွေမြို့မှာ အောက်တိုဘာလ ၂၉ ရက်၊မနေ့ကအဖမ်းခံလိုက်ရတဲ့သတင်းထောက်ထက်အောင်ဟာ စစ်တပ်ကအာဏာသိမ်းပြီးနောက် ရခိုင်မှာဒုတိယ

မြောက်အဖမ်းခံရတဲ့သတင်းထောက်ဖြစ်ပါတယ်။

https://www.facebook.com/bordernewsagency/posts/353489623865875

Leave a Reply

Your email address will not be published.